guide

Data အချို့ကို Open လုပ်ပြီးပြီ၊ နောက်ဘာဆက်လုပ်ကြမလဲ။

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

အစိုးရဆီက သတင်းအချက်အလက်တွေကို တရားဝင်နည်းလမ်းများအရ၊ နည်းပညာသဘောတရားများအရ မည်ကဲ့သို့ပြန်လည်အသုံးပြုနိုင်သည်ကို လေ့လာပြီးဖြစ်ပါသည်။ နောက်တစ်ဆင့်အနေဖြင့် အခြားသူများကို ၄င်းdata များအားအသုံးပြုနိုင်အောင်တိုက်တွန်းအားပေးရန် လိုပါသည်။

ဤအခန်းတွင် Data များကိုပြန်လည်အသုံးပြုနိုင်ရေးအတွက် တိုက်တွန်းအားပေးရန် မည်သည့်အရာများလုပ်နိုင်သနည်းဆိုသည်ကို လေ့လာမည်ဖြစ်သည်။

ကမ္ဘာကြီးကိုပြောပြပါ

ပထမဦးဆုံးအနေဖြင့် သင်သည် open data ကို မြှင့်တင်သည့် လုပ်ငန်းများ၊ လှုပ်ရှားမှုများကို တာဝန်တစ်ရပ်အနေဖြင့် ပြုလုပ်နေသည်ကို လူအများသိစေပါ။

Datasets များကို open လုပ်ပြီးပါက သင်လုပ်ထားသည့်အရာကို (ရှာဖွေရယူနိုင်ကြောင်း) လူအများသိအောင် အချိန်ပေးပြုလုပ်သင့်သည်။

သတင်းထုတ်ပြန်ချက်များ၊ သင်၏ website ပေါ်တွင် ကြေငြာချက်များထားရှိသကဲ့သို့ သင့်အနေဖြင့်

  • ဤနယ်ပယ်အတွင်းအလုပ်လုပ်ကိုင်နေသော သို့မဟုတ် စိတ်ဝင်စားသော သြဇာလွှမ်းမိုးမှုရှိသည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ခြင်း။
  • သင့်လျော်မှုရှိသောလူအုပ်စုများ၏ mailing list များ သို့မဟုတ် လူမှုကွန်ယက် အုပ်စုများကို ဆက်သွယ်ခြင်း။
  • Data ၏ အကြောင်းအရာပေါ်မူတည်၍ စိတ်ဝင်စားနိုင်သော သူများထံသို့ တိုက်ရိုက်ဆက်သွယ်ခြင်း တို့ကို ပြုလုပ်နိုုင်သည်။

သင်၏ ပရိသတ်ကို နားလည်သဘောပေါက်ထားခြင်း

လူထုနှင့် ဆက်သွယ်သည့်ပုံစံများကဲ့သို့ပင် data ရပ်ဝန်းမှ လူများ/အုပ်စုများနှင့် ဆက်သွယ်ခြင်းကိုလည်း ဦးတည်ချက်များဖြင့် ပြုလုပ်သင့်သည်။ မှန်ကန်သည့်သတင်းစကားသည် မှားယွင်းသည့် နယ်ပယ်သို့ ဦးတည်သွားပါက အလဟာသဖြစ်တတ်သည်။

ဒစ်ဂျစ်တယ်ရပ်ဝန်းများသည် သတင်းအချက်အလက်အသစ်များကို ဝေမျှရန်အလွန်ပင်စိတ်ဆန္ဒထက်သန် သကဲ့သို့ သတင်းအချက်အလက်များကိုလည်း လျှင်မြန်စွာ အသုံးပြုတတ်ကြသည်။ ထို့ကြောင့် သင်၏ သတင်းစကားကို အသေးစိတ်လေ့လာဆန််းစစ်နိုင်သည့် ပုံစံမျိုးဖြင့်မဟုတ်ဘဲ မြန်ဆန်စွာလေ့လာနိုင်သည့် ပုံစံမျိုးဖြင့် ဖြန့်ဝေသင့်သည်။

နည်းပညာရပ်ဝန်းမှသူများသည် Microsoft Windows ကိုအသုံးပြုနိုင်ချေမှာ သာမန်လူထုထက်နည်းပါသည်။ ဆိုလိုသည်မှာ offline အနေဖြင့်ဖတ်ရှု၍ရနိုင်သော MS Office ပုံစံမျိုးဖြင့်သာ သင်၏ စာရွက်စာတမ်းများကို သိမ်းဆည်း မထားသင့်ချေ။ ၄င်းအတွက် အကြောင်းပြချက်နှစ်ခုရှိပါသည်။

  • ပထမတစ်ခုမှာ ထိုသို့သိမ်းဆည်းထားသော စာရွက်စာတမ်းများကို ရယူအသုံးပြုနိုင်ရန်အတွက် အခွင့်အလမ်း အလွန်နည်းပါးသည်။ သင်၏ ကွန်ပြူတာပေါ်တွင်ဖတ်ရှုနိုင်သည်ထက် စာဖတ်သူများသည် အခြားရှုထောင့်မှ တစ်ဆင့် ကူးယူရန်ခက်ခဲနိုင်သည်ဟုမြင်နိုင်သည်။
  • ဒုတိယအနေဖြင့် သင်၏ အဖွဲ့အစည်းသည် developers များနှင့် အလုပ်လုပ်လိုခြင်းမရှိကြောင်း အဓိပ္ပါယ် မှားယွင်းစွာသက်ရောက်စေသည်။ သင့်အနေဖြင့် နည်းပညာရပ်ဝန်းမှသူများကို သင့်ထံသို့လာစေချင်ကြောင်း လည်းပြသရာရောက်သည်။

Third-party site များတွင် သင်၏ material များတင်ခြင်း။

အထူးပြုခေါင်းစဉ်များ၊ နယ်ပယ်များနှင့်ပါတ်သက်၍ ရေးသားနေသော blog များသည် စာဖတ်ပရိသတ်ပေါင်းများစွာရရှိထားနိုင်ပြီးဖြစ်သည်။ အဆိုပါ blog များတွင် သင့်လုပ်ငန်းများအကြောင်းကို ရေးသားဖော်ပြစေခြင်းသည်လည်း အဖိုးတန်ပေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါသည်။ သင်အနေဖြင့်လည်း သင့်လုပ်ငန်းအစီအစဉ်များအကြောင်း စိတ်ဝင်စားမှုပိုမိုရရှိနိုင်သကဲ့သို့ ထိုသူတို့အနေဖြင့်လည်း အကြောင်းအရာနှင့်ဆက်နွယ်သော blog post တစ်ခုကို အခမဲ့ရရှိနိုင်မည်။

သင်၏ ပြန်ကြားဆက်သွယ်မှုများကို လူမှုမီဒီယာနှင့် ပိုမို အံဝင်စေခြင်း

ဝန်ထမ်းများအနေဖြင့် လူမှုကွန်ယက်များပေါ်တွင် အချိန်များစွာပေးပြီး လူထုနှင့်ချိတ်ဆက်ဆောင်ရွက်စေလိုခြင်းမှာယုတ္တိမတန်သောအရာဖြစ်သည်။ သို့ရာတွင် သင်ဝေမျှလိုသည့် အကြောင်းအရာကို အသုံးပြုသူများအကြား လွယ်ကူစွာဝေမျှနိုင်သည့် နည်းလမ်းများလည်းရှိပါသည်။

  • အကြောင်းအရာတစ်ခုအတွက် သီးသန့်စာမျက်နှာများ ထားရှိခြင်း။

အကြောင်းအရာကို အခြားသူများနှင့်ဝေမျှပြီးပါက လက်ခံသူများသည် သင့်လျော်မှုရှိသော အကြောင်းအရာကို လျှင်မြန်စွာရှာဖွေပါလိမ့်မည်။

  • သတင်းထုတ်ပြန်ချက်များကို လူအများ download လုပ်ခြင်းမှရှောင်ကျဉ်ခြင်း။

သတင်းထုတ်ပြန်မှုများသည် အဆင်ပြေပါသည်။ ၎င်းတို့သည် အကြောင်းကိစ္စတစ်ခုနှင့် ပါတ်သက်၍ ရှင်းလင်းတိကျသော သတင်းအချက်အလက်ကိုပေးနိုင်သည်။ သို့သော် ထိုအကြောင်းအရာနှင့် ပတ်သက်သောရေးသားချက်ကို လူအများကိုဖတ်ရှုစေလိုပါက ဖတ်ရှုသူများသည် လက်ရှိ web browser တွင်မဟုတ်သောပြင်ပတစ်ခုတွင် ဖွင့်ရန်လိုအပ်ပြီး လူအနည်းငယ်သာဖတ်ရှုကြပါတော့မည်။ ရှာဖွေရေး အင်ဂျင်များသည်လည်း အကြောင်းအရာကို အစီအစဉ်တကျ ဖော်ပြနိုင်ချေမှာအလွန်နည်းပါသည်။ လူအများက download ပြုလုပ်နိုင်ချေမှာ အလွန်နည်းသွားသည်။

  • သင်၏ အကြောင်းအရာအတွက် Open ဖြစ်သောလိုင်စင်တစ်ခု အသုံးပြုရန်စဉ်းစားပါ။

ထိုကဲ့သို့ပြုလုပ်ခြင်းက သင်၏data များကိုပြန်လည်မျှဝေလိုသည့်သူများအတွက် ယုံကြည်စိတ်ချမှုပေးနိုင်သည့်အပြင် သင့်အဖွဲ့အစည်းက open ဖြစ်မှုကို နားလည်သဘောပေါက်ကြောင်း ပြသရာလည်းရောက်သည်။ ၄င်းက သင်၏သတင်းထုတ်ပြန်မှုတွင် ရေးသားထားသည့် အကြောင်းအရာများထက် ပိုမိုကောင်းမွန်သည့် ထင်မြင်ချက်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

လူမှုမီဒီယာ

ငွေကြေးအရ ပြည့်စုံလုံလောက်မှုမရှိသော အဖွဲ့အစည်းများအတွက် လူမှုမီဒီယာများပေါ်တွင် အချိန်နာရီပေါင်းများစွာ အသုံးပြုခြင်းသည် ထိရောက်မြန်ဆန်မှုမရှိချေ။ ဤအခြေအနေတွင် သင်ပြောလိုသည့် သတင်းစကားကို ရရှိအောင်ပြုလုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ သင်၏ blog post များကို လွယ်လွယ်ကူကူ ဝေမျှ၍ရနိုင်အောင်ပြုလုပ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ နောက်ကဏ္ဌတစ်ခုကို မဖတ်ရှုမီ သင်သည်နောက်ဆုံးတစ်ခုကို ဖတ်ရှုပြီးသား ဖြစ်နေရန်လိုအပ်သည်။ ဤအကြောင်းကိစ္စနှင့်ပါတ်သက်၍ အကြံပေးချက်အချို့မှာ

  • ဆွေးနွေးမှုဖိုရမ်

Twitter သည် စိတ်ကူးအကြံဉာဏ်များနှင့်ပါတ်သက်သော သတင်းအချက်အလက်များ လျင်မြန်စွာဖြန့်ဝေရန် ရွေးချယ်လေ့ရှိသည့် နေရာတစ်ခုဖြစ်လာနေသည်။ #opendata ဟု tag လုပ်ထားသော မည်သည်မဆိုကို လူထောင်ပေါင်းများစွာက ချက်ချင်းမြင်တွေ့နိုင်သည်။

LinkedIn တွင်လည်း open data ကိုရည်ရွယ်ဦးတည်ထားသည့် စိတ်ဆန္ဒတူသည့် အုပ်စုရှိများစွာရှိနေသည်။

တစ်ချိန်တည်းတွင် Facebook သည်ယေဘုယျပရိသတ်အတွက် အလွန်ကောင်းသည့် နေရာတစ်ခု ဖြစ်နေသော်လည်း open data ရပ်ဝန်းမှသူများအတွက် အာရုံစိုက်မှုကြီးကြီးမားမား မရရှိထားသေးချေ။

  • သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုဆောင်းသူများနှင့် ချိန်ဆက်ပါ။

သင်ပြောပြလိုသည့်အကြောင်းအရာကို နည်းပညာကျွမ်းကျင်သူများအတွက် ကိုက်ညီမှုရှိသည့် သတင်းဌာနများကို ပေးပို့ပါ။ Reddit နှင့် Hacker News သည် ယခုအချိန်တွင် ဤသို့ပြုလုပ်ရန်အတွက် အကြီးမားဆုံးနေရာဖြစ်သည်။ ထိုမျှကြီးမားကျယ်ပြန့်မှုမရှိသော်လည်း Slashdot နှင့် Digg ကိုလည်း ဤနယ်ပယ်အတွက်အသုံးပြုနိုင်သည်။

ထို site များသည် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို ကြည့်ရှုသူအမြောက်အများအတွက် စွဲဆောင်ထားနိုင်သည်။ ၎င်းတို့သည် နယ်ပယ်အလိုက်အကြောင်းအရာများကိုပဲ ဦးတည်ထားခြင်းလည်းဖြစ်သည်။

စိတ်ကူးစိတ်သန်းတူသူများနှင့်တွေ့ဆုံခြင်း၊ တွေ့ဆုံမှုများ၊ တွေ့ဆုံပွဲများ၊ နှင့် ဘားကမ့်များ

အခြားသူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းသည် data ကိုအသုံးပြုရန်တိုက်တွန်းအားပေးသည့် နည်းလမ်းများထဲမှ ထိရောက်မှုရှိသောနည်းလမ်းဖြစ်သည်။ ထိုသို့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သင့်သည့် အကြောင်းပြချက်အချို့မှာ

  • ပြန်လည်အသုံးပြုရန်အတွက် အလားအလာကောင်းရှိသူများကို ပိုမိုသိရှိလာခြင်း။
  • မတူညီသည့် dataset များအတွက် ဝယ်လိုအားများကို ပိုမိုသိရှိလာခြင်း။
  • လူထုအနေဖြင့် သင်၏ data ကို မည်ကဲ့သို့ ပြန်လည်အသုံးပြုလိုသည်ကို ပိုမိုသိရှိလာခြင်း။
  • data များကို ပြန်လည်အသုံးပြုရန်အတွက် အလားအလာကောင်းရှိသူများကို သင့်တွင်ရှိသော dataများအကြောင်း ပိုမိုသိရှိစေခြင်း။
  • ပြန်လည်အသုံးပြုရန်အတွက် အလားအလာကောင်းရှိသူများအချင်းချင်း အပြန်အလှန်တွေ့ဆုံခွင့်ရခြင်း။ (ဥပမာ၊ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်)သင့်တွင်ရှိသော data များကို ပရိသတ် အမြောက်အများထံတင်ဆက်ခွင့်ရခြင်း။ (ဥပမာ၊ ထိုတွေ့ဆုံမှု အကြောင်းရေးသားထားသည့် blog post များ သို့မဟုတ် သတင်းမီဒီယာများ တစ်ဆင့်)

သင်မည်ကဲ့သို့ ရည်ရွယ်ထားသည် အပေါ်တွင်မူတည်၍ မတူညီသည့်တွေ့ဆုံမှုများကို မတူညီသည့် ပုံစံများဖြင့် ပြုလုပ်နိုင်သည်။ ကြိုတင်ပြင်ဆင်ထားသော သမရိုးကျပုံစံဆွေးနွေးပြောကြားသည့်ပုံစံများ၊ တင်ဆက်မှုများ၊ သရုပ်ဖော်မှုများ ရှိသကဲ့သို့ အောက်ပါအတိုင်းတက်ရောက်ဆွေးနွေးသူများကိုယ်တိုင် ဦးဆောင်ဆွေးနွေးကြသည့် ပုံစံများလည်း ရှိသည်။

  • တက်ရောက်လာသူများကိုယ်တိုင်တွေ့ဆုံမှု၏ အစီအစဉ်နှင့် အဓိပ္ပယ်ဖွင့်ဆိုချက်များချမှတ်ခြင်း
  • တက်ရောက်လာသူအချင်းချင်းမိတ်ဆက်ပြီး စိတ်ဝင်စားသည့် အကြောင်းအရာနှင့် လုပ်ကိုင်နေသော လုပ်ငန်းများအကြောင်းကို ဆွေးနွေးကြစေခြင်း။
  • သင်လုပ်ကိုင်နေသည့် အကြောင်းအရာပေါ်တွင်ကြိုတင်ပြင်ဆင်ထားခြင်းမဟုတ်သည့် တင်ဆက်မှုတစ်ခုကို ပြုလုပ်ခြင်း။
  • တက်ရောက်ဆွေးနွေးသူများစိတ်ဝင်စားသည့် အကြောင်းအရာကို ဦးဆောင်ဆွေးနွေးမှုပေးခြင်း။

ဤကဲ့သို့တွေ့ဆုံမှုများကို မည်ကဲ့သို့ ကျင်းပနိုင်သည်ကို ‘unconference’ ‘barcamp’ ‘meetup’ ‘speedgeek’ ‘lightning talk’ စသည်ဖြင့် online ပေါ်တွင်ရှာဖွေလေ့လာနိုင်သည်။ သင်ပြုလုပ်လိုသည့် တွေ့ဆုံမှုကို အခြားနိုင်ငံများတွင်ကျင်းပခဲ့သူများကလည်း ကူညီအကြံပေးနိုင်သောကြောင့် ဆက်သွယ်သင့်သည်။ အခြားအဖွဲ့အစည်းများ (ဥပမာ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများ) နှင့် မိတ်ဘက်ပြုလုပ်ခြင်းကလည်း တက်ရောက်သူများ ပိုမိုများပြားလာနိုင်စေပြီး စိတ်ကူးအကြံဉာဏ်များကိုလည်း ပိုမိုကျယ်ပြန့်စွာဆွေးနွေးနိုင်မည်ဖြစ်သည်။

ရလဒ်များထွက်ပေါ်အောင်ပြုလုပ်ခြင်း - Hackdays၊ ဆုလက်ဆောင်များနှင့် ပုံစံငယ်များ

ဤပြိုင်ပွဲများပြုလုပ်ပုံမှာ dataset အချို့ကို ထုတ်ပြန်လိုက်ပြီး programmer များကို အချိန် ၄၈ နာရီခန့် မှ ရက်သတ္တပါတ်အနည်းငယ်ပေးကာ ၄င်း data များကိုအသုံးပြုပြီး application များပြုလုပ်စေခြင်းဖြစ်သည်။ အကောင်းဆုံး application ပြုလုပ်နိုင်သူကို ဆုချမည်ဖြစ်သည်။ ဤကဲ့သို့ ပြိုင်ပွဲများကို ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ နော်ဝေ၊ သြစတေးလျ၊ စပိန်၊ ဒိန်းမတ် နှင့် ဖင်လန် နိုင်ငံတို့တွင်လည်း ကျင်းပခဲ့ကြသည်။

ပြိုင်ပွဲ သာဓကများ

ဤကဲ့သို့သောပြိုင်ပွဲကို အကောင်းဆုံးပြုလုပ်နိုင်ခဲ့သည့် ဥပမာများရှိသည်။ ပထမဆုံးအနေဖြင့်ပြုလုပ်ခဲ့သည် အဆိုပါပြိုင်ပွဲအမျိုးအစားမှာ “Show us a better way” ဟုခေါ်သည့်ပွဲဖြစ်သည်။ ၄င်းကို ဗြိတိန်အစိုးရ၏ အစိုးရရုံး ဝန်ကြီး Tom Watson က ဦးဆောင်သည့် “The Power of Information Taskforce” က မတ်လ၊ ၂၀၀၈ခုနှစ်တွင် ကျင်းပခဲ့သည်။ ဤပြိုင်ပွဲမှ “လူထုနှင့်ဆိုင်သော သတင်းအချက်အလက်များကို အသုံးပြုပြီး သင်ဘာဖန်တီးချင်ပါသလဲ” ဟူသည့်မေးခွန်းဖြင့် ကမ္ဘာအဝှမ်းမှ programmer များကိုဖိတ်ခေါ်ပြီးအကောင်းဆုံး application ငါးခုကို ပေါင် ၈၀,၀၀၀ ချီးမြှင့်ခဲ့သည်။

Apps for Democracy ဟုခေါ်သည့် အမေရိကန်၏ ပထမဆုံး data အသုံးချပြိုင်ပွဲကို အောက်တိုဘာလ ၂၀၀၈ ခုနှစ်တွင် District of Columbia အစိုးရ၏ Chief Technology Officer ဖြစ်သူ Vivek Kundra က ဦးဆောင်ခဲ့သည်။ Kundra က မှုခင်းများကို အချိန်နှင့်တပြေးညီသိနိုင်သည့် data များ၊ ကျောင်းအင်မတန်ကောင်းမွန်သည့် DC data ကတ်တလောက် http://data.octo.dc.gov/ ကို ဖန်တီးခဲ့သည်။ ထိုအချိန်က အဆိုပါ ကတ်တလောက်သည် ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးကတ်တလောက်တစ်ခု ဖြစ်ခဲ့သည်။ ပြဿနာမှာ ၄င်းdata များကို နိုင်ငံသားများ၊ ပြည်ပမှလာရောက်အခြေချသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများအတွက် အသုံးဝင်အောင်ဖန်တီးသွားနိုင်ရန်ဖြစ်သည်။

၎င်းအတွက်ထူးခြားဆန်းသစ်သောအဖြေမှာ Apps for Democracy ဆိုသည့်ပြိုင်ပွဲကို ကျင်းပရန်ဖြစ်သည်။ ဗျူဟာအနေဖြင့် လူများကို ၄င်းdata များအသုံးပြုကာ application များရေးဆွဲစေခြင်းဖြစ်သည်။ Online မှတဆင့် လျှောက်ထားမှုများကိုပြုလုပ်စေခြင်း၊ ဆုတန်ဖိုးကြီးကြီးအနည်းငယ်သာ ပေးမည့်အစား တန်ဖိုးနည်းသည့် ဆုအများအပြားပေးခြင်း၊ ဆုများကို အမျိုးအစားများသတ်မှတ်ထားခြင်း၊ လူအများကရွေးချယ်သည့်ဆု ကိုပါထည့်သွင်းထားခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို ရက်ပေါင်း၃၀ ပြုလုပ်စေခဲ့ပြီး ၄င်းအတွက်အစိုးရက ဒေါ်လာငါးသောင်းကုန်ကျခဲ့သည်။ အပြန်အလှန်အားဖြင့် iPhone, Facebook နှင့် web application ပေါင်း ၄ရခု ပြန်လည်ရရှိခဲ့ရာ တန်ဖိုးအားဖြင့် ဒေါ်လာ၂သန်း၆သိန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

The Abre Datos (Open Data) Challenge 2010 စပိန်နိုင်ငံတွင် ၂၀၁၀ ခုနှစ်က ကျင်းပခဲ့သည့် ထိုပြိုင်ပွဲတွင် အချိန်၄၈နာရီအတွင်း developer များကို အများပြည်သူနှင့်ဆိုင်သည့်data များအသုံးပြုကာ Open Source applications များ ပြုလုပ်စေခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း၂၉ သင်းပါဝင်ခဲ့ကာ ပထမ (Euro ၃၀၀၀) နှင့် ဒုတိယ (Euro ၂၀၀၀) အသီးသီးရခဲ့သည့် Basque Country ၏ ယာဉ်ကြပ်တည်းမှုများကို လေ့လာသည့် mobile phone program နှင့် Madrid ၏ ဘတ်စ်ကားများနှင့် ကားမှတ်တိုင်များကို လေ့လာသည့် application များအပါအဝင် application မြောက်များစွာ တီထွင်နိုင်ခဲ့ကြသည်။

၂၀၁၀ ဧပြီလတွင် Norwegian Ministry for Government Administration က Nettskap 2.0 ဆိုသည့် ပွဲကို ကျင်းပခဲ့သည်။ Norwegian developer company များ၊ ပြည်သူ့ဝန်ဆောင်မှု အဖွဲ့အစည်းများ နှင့် တစ်ဦးချင်းစီက ဝန်ဆောင်မှုဖွံ့ဖြိုးရေး၊ လုပ်ငန်းစဉ်များလျင်မြန်ချောမွေ့ရေးနှင့် ပြည်သူ့ပါဝင်မှု တိုးမြှင့်ရေး စသည့်နယ်ပယ်များအတွက် web ကို အခြေခံသည့် project များကို တီထွင်ခဲ့ကြသည်။ ၄င်းအတွက် အစိုးရ၏ data များကို အသုံးပြုရန် တိုက်တွန်းခဲ့သည်။ လျှောက်ထားနိုင်သည့်အချိန်ကို တစ်လသာပေးခဲ့သော်လည်း ဝန်ကြီး Rigmor Aasrud က တုံ့ပြန်မှုများသည် အင်မတန်များပြားခဲ့သည်ဟု ဆိုခဲ့သည်။ Application စုစုပေါင်း ၁၃၇ ခုရရှိခဲ့ကာ ၄င်းတို့အနက်မှ ၉၀ နှင့်အထက်သည် အစိုးရ data များကို အခြေခံထားခဲ့သည်။ NOK ၂.၅ သန်းကို အနိုင်ရသူ ၁ရဦး/ဖွဲ့ကို ပေးခဲ့သည်။ application ၁၃၇ ခု၏ တန်ဖိုးမှာ NOK ၂၈.၄ သန်း တန်ကြေးရှိခဲ့သည်။

Mashup Australia ပြိုင်ပွဲ - သြစတြေးလျအစိုးရ၏ 2.0 Taskforce က နိုင်ငံသားများကို ဖိတ်ကြားကာ အစိုးရ၏ သတင်းအချက်အလက်များကို လက်လှမ်းမီခြင်းသည် နိုင်ငံ့စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးအတွက် အပြုသဘောဆောင်ခြင်းကို ရှင်းပြခဲ့သည်။ ပြိုင်ပွဲကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ရရက်နေ့မှ နိုဝင်ဘာ ၁၃ရက်နေ့အထိ ကျင်းပခဲ့သည်။ Taskforce က dataset အချို့ကို ပြန်လည်အသုံးပြုရသောပုံစံများဖြင့်၊ Open လိုင်စင်တို့ဖြင့် ထုတ်ဝေပေးခဲ့သည်။ လက်ခံရရှိခဲ့သော application ၈၂ခုသည် အစိုးရ၏ data များကို open အဖြစ် ထုတ်ပြန်ပေးလျှင် တီထွင်ဆန်းသစ်မှုများ၊ အသစ်များ ရရှိနိုင်သည်ဆိုသည်ကို သက်သေပြသည့် သာဓကများပင်ဖြစ်သည်။ ယခုအခါ GovHack ပြိုင်ပွဲများကို သြစတြေးလျနှင့် နယူးဇီလန်ရှိ ဒေသအနှံ့တွင် ကျင်းပနေကြပြီဖြစ်သည်။

Conference များ၊ Barcamp များနှင့် Hackday များ

အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ၄င်းတို့၏အစိုးရများအား dataset များကို open ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးကို သိမြင်လာစေရန် အသိပေးရာတွင် ထိရောက်မှုရှိသည့်နည်းတစ်ခုမှာ သတင်းအချက်အလက်များကို လူမှုပေးနှင့် စီးပွားရေးအကျိုးများရရှိရန် သုံးနိုင်သည်ဆိုသည်ကို နည်းမျိုးစုံဖြင့် ပြသခြင်းပင်ဖြစ်သည်။ data များကို ပြန်လည်အသုံးပြုရန် လှုံ့ဆော်တိုက်တွန်းသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မူဝါဒရေးရာနှင့် ဥပဒေအဆင့်မြင့်မားသောနိုင်ငံများတွင် dataset များကို နည်းပညာအရ၊ ဥပဒေကြောင်းအရ open လုပ်ရန်ပြုလုပ်သည့် လှုပ်ရှားမှုများတွင် မရှိမဖြစ်အရေးပါခဲ့ကြသည်။

၎င်းလှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသော လုပ်ငန်းစဉ်တစ်ခုမှာ ပြိုင်ပွဲများ၊ open government data conference များ၊ Unconference များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် Hackday များဖြစ်သည်။ ၄င်းလုပ်ငန်းစဉ်များကို များသောအားဖြင့် data အသုံးပြုနေသည့် community များက စီစဉ်ကြခြင်းဖြစ်သည်။ အခြားနေရာများတွင် လူမှုရေးတက်ကြွလှုပ်ရှားသူများက တက်ကြွသောပြည်သူ့ဝန်ထမ်းများနှင့် ပူးပေါင်းကာ programmer များက ဆန်းသစ်သော application များပြုလုပ်လာနိုင်ရန်အတွက် dataset အသစ်များကို ထုတ်ပြန်ပေးနိုင်ခဲ့သည်။