guide

Data ကို လူအများနှင့် ရင်းနှီးအောင် ပြုလုပ်ခြင်း

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

အကယ်၍ သင့်ဒေသမှလူများကို စုစည်းရန်အကြံဉာဏ်များလိုအပ်သည်ဆိုပါက ပွဲအစီအစဉ်တစ်ခုကျင်းပရန် အကြံပြုလိုပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်းတွင် Open Knowledge International Network သည် Open data နှင့် open knowledge နှင့် ပတ်သတ်သည့် ပွဲများစွာ ကျင်းပခဲ့သည်။ ၄င်းတို့အနက်မှ အချို့မှာ စိတ်ဝင်စားသူများက ကိုယ်တိုင်စီစဉ်သောပွဲများဖြစ်သည်။ အချို့မှာ ဝန်ထမ်းများနှင့် စိတ်ဝင်စားသူများက တက်ရောက်သောပွဲများဖြစ်ပြီး အချို့မှာ online မှတဆင့် စီစဉ်တွေ့ဆုံသော ပွဲများဖြစ်သည်။ ဤအခန်းတွင် အဆိုပါပွဲများကို မည်ကဲ့သို့စီစဉ်နိုင်သည်ကို ဆွေးနွေးသွားမည်။ ဤဆွေးနွေးမှုများ ပိုမိုကောင်းမွန်လာရန် Github မှတဆင့် ကျွန်ုပ်တို့ကို ကူညီနိုင်ပါသည်။

မိတ်ဆက်

Open Knowledge ပွဲအစီအစဉ်များသည် community အတွက် အရေးပါပါသည်။ ထိုကဲ့သို့လုပ်ခြင်းဖြင့် အာရုံစိုက်မှု၊ အကြောင်းအရာများအပေါ်အခြေခံကာ လူများကို စုစည်းမှုနှင့် အဖွဲ့အစည်းနှင့် စီမံချက်များကို ကိုယ်စားပြုမှုစသည့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ၄င်းအစီအစဉ်များသည် data ကို စိတ်ပါဝင်စားသူများ အချင်းချင်းတွေ့ဆုံပြီး အတူတကွအလုပ်လုပ်ရန်၊ လေ့လာရန် အတွက် အထောက်အကူပြုသည်။

မည်သည့်အတွက်ကြောင့် Open Knowledge event များ ပြုလုပ်ပါသလဲ။

ကွန်ယက်ဖွဲ့လှုပ်ရှားမှု အများစုကို virtual ပုံစံများဖြင့် ပြုလုပ်ကြသော်လည်း လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်သွယ်မှုအများစုကိုမူ မျက်နှာချင်းဆိုင်ပြုလုပ်လျက်ရှိကြသေးသည်။ ပွဲအစီအစဉ်များရှိခြင်းက မိမိပတ်ဝန်းကျင်ရှိလူများကို ဆက်သွယ်ချိတ်ဆက်ရန်နှင့် ကွန်ယက်ပိုမိုကြီးထွားလာစေရန် အထောက်အကူပြုသည်။ မျက်နှာချင်းဆိုင််တွေ့ဆုံရန် ပွဲအစီအစဉ်များ မကျင်းပနိုင်ပါက online မှပြုလုပ်သည့် virtual ပွဲများက လူအများဆက်လက်ထိတွေ့မှုရှိနိုင်အောင် အကူအညီပေးနိုင်သည်။

ပွဲအစီအစဉ်များပြုလုပ်ရာတွင် အရေးကြီးသည့်အချက်များ။

အခြေခံအားဖြင့် ပြုလုပ်သည့်ပွဲများသည် Open Knowledge တန်ဖိုးများ စံတန်ဖိုးများနှင့် ကိုက်ညီမှုရှိရမည်။ ဆိုလိုသည်မှာ ပြုလုပ်သည့်အစီအစဉ်များသည် ပွင့်လင်းပြီး အရပ်ဘက်၊ အစိုးရ မည်သူမဆို သက်တောင့်သက်သာပါဝင်နိုင်သည့် ပုံစံမျိုးဖြစ်သင့်သည်။ ထို့အပြင် အစီအစဉ်သည် ရလဒ်များကို အာရုံစိုက်သင့်သည်။ ရလဒ်များသည် အမျိုးမျိုးဖြစ်နိုင်ပြီး အထူးသဖြင့် သင့်လိုအပ်ချက်နှင့် ကိုက်ညီသည်များဖြစ်ရန်လိုသည်။ ဖြစ်နိုင်သည့်ရလဒ်များမှာ community အင်အားပိုကောင်းလာခြင်း၊ Open Data နှင့် ပတ်သတ်သည့် စိတ်ပါဝင်စားမှုကို မြှင့်တင်ခြင်း၊ စာတမ်းတစ်စောင်အတူတကွပြုစုခြင်း သို့မဟုတ် အလုပ်ရုံဆွေးနွေးပွဲတစ်ခုစီစဉ်ခြင်း စသည်ဖြင့် ဖြစ်နိုင်သည်။ အရေးကြီးသည့်အချက်မှာ မည်သည့် အစီအစဉ်ရေးဆွဲမှုမျှ မပြုလုပ်ရသေးခင် သင့်ကိုယ်သင် (နှင့် သင်နှင့်အတူ စီစဉ်မည့်သူများကို) ဤပွဲအစီအစဉ်တစ်ခုမှ မည်သည့်ရလဒ်ကို လိုချင်သည် ကိုမေးရန်ဖြစ်ပြီး ၄င်းရလဒ်ကို ရှင်းလင်းစွာ သိရှိဆက်သွယ်ကြရန်ဖြစ်သည်။ လိုချင်သောရလဒ်အတွက် တိကျခိုင်မာသော အကြံဉာဏ်များရှိလေ သင့်စီစဉ်သည့်ပွဲသည် အောင်မြင်ထိရောက်မှုရှိလေ ဖြစ်ပါလိမ့်မည်။

Social media ကို ပြင်ဆင်ပါ။

Social media သည် သင့်ပွဲအစီအစဉ်ကို ကြေငြာရန်အတွက်သာမက ပွဲကို မှတ်တမ်းတင်ရန်အတွက်ပါ အသုံးချနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။

ကြော်ငြာပါ။

  • ပွဲအတွက် facebook page တစ်ခု ဖွင့်ပါ။
  • attending.ioသို့မဟုတ် eventbrite ကဲ့သို့ အရာများသုံးကာ ပွဲအတွက် သတင်းအချက်အလက်များနှင့် မှတ်ပုံတင်ခြင်းတို့ကို ပြုလုပ်ပါ။
  • ပွဲအတွက် hashtag တစ်ခု ပြုလုပ်ပါ။ twitter မှတဆင့် ၎င်းကိုအသုံးပြုကာ ကြော်ငြာပါ။
  • Blog ရေးပြီး အခြား အဖွဲ့အစည်းများမှတဆင့်လည်း ဖြန့်ဝေပါ။
  • အချိန်ရလျှင် video တစ်ခုပြုလုပ်ပြီး ပွဲကိုကြော်ငြာပါ။

မှတ်တမ်းတင်ခြင်း။

  • ပါဝင်တက်ရောက်သူများကို hashtag အသုံးပြုရန် တိုက်တွန်းခြင်းဖြင့် ပွဲပြုလုပ်နေစဉ်အတွင်း အရေးပါသည့် အဖြစ်အပျက်များ၊ ၄င်းတို့၏အမြင်များကို စုစည်းပါ။
  • ဓါတ်ပုံများရိုက်ကာ Flickr ပေါ်တွင်တင်ပါ
  • Facebook သုံးကာ ဓါတ်ပုံနှင့် ဗွီဒီယိုများကို ဖြန့်ဝေပါ။

ပွဲအစီအစဉ်တစ်ခုတွင် မည်သည့်အရာများ လုပ်နိုင်ပါသလဲ။

ပွဲတွင်မည်သည့်အရာများပါဝင်မည်ဆိုသည်မှာ စီစဉ်သူအပေါ်တွင် မူတည်ပါသည်။ Open Knowledge သည် အလွန်ကျယ်ပြန့်သည်။ အကယ်၍ အကြံဉာဏ်များလိုအပ်သည်ဆိုပါက အောက်တွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်။

မျက်နှာချင်းဆိုင်

  • ခေါင်းစဉ်ရှာပါ talks, panels, Q&As, discussions
  • စီမံကိန်းများနှင့် idea များကို ဖြန့်ဝေပါ: lighting talks, speed geeking
  • အတူတကွလေ့လာပါ၊ အချင်းချင်းဆီမှ ပြန်လည်လေ့လာပါ: workshops,barcamp
  • Project များကို အတူအကောင်အထည်ဖော်ကြပါ: text sprints, code sprints, datathons

Virtual

  • မျှဝေပါ: Team calls, slack updates
  • လေ့လာသင်ယူပါ: Skill share via video chat, tutorials

မျက်နှာချင်းဆိုင်တွေ့ဆုံသည့် အစီအစဉ်များတွင် virtual အပိုင်းကိုလည်း ထည့်သွင်းကျင်းပနိုင်သည်။ ဥပမာ video အတွက် link တစ်ခုထည့်သွင်းထား၍ဖြစ်စေ၊ အမေးအဖြေအချိန်များတွင် twitter feed ထား၍ဖြစ်စေ။

ပွဲအစီအစဉ် မည်မျှ ပြုလုပ်သင့်ပါသလဲ။

ဤမေးခွန်းအတွက် လွယ်ကူရိုးရှင်းသော အဖြေမရှိပါ။ အချို့နေရာများတွင် အပတ်စဉ်တွေ့ဆုံပွဲများ ပြုလုပ်ကြသည်။ အချို့နေရာများတွင် သုံးလတစ်ကြိမ်ပွဲများ ပြုလုပ်ကြသည်။ သင့်အနေဖြင့် စိတ််ပါဝင်စားသူများနှင့် တိုင်ပင်ကာ သူတို့၏လိုအပ်ချက်နှင့် လိုအင်များအပေါ်အခြေခံပြီး ပွဲအချိန်နှင့်အကြိမ်တို့ကို သတ်မှတ်ရန်လိုသည်။

ကျွန်ုပ်တို့ အနေဖြင့် တစ်နှစ်တစ်ကြိမ်သာ လူအများပါဝင်သော ပွဲများ ပြုလုပ်ခြင်းကို အားမပေးပါ။ အဆိုပါပွဲမျိုးများသည် လူအများစိတ်ဝင်စားမှုရရှိသော်လည်း follow up မရှိပါက ရေရှည်တွင် စိတ်ဝင်စားမှုနှင့် ပါဝင်မှု အားနည်းသွားနိုင်ပါသည်။

Follow up လုပ်ရန် မမေ့ပါနှင့်

ပွဲအစီအစဉ်ပြီးသွားသော်လည်း လိုချင်သောရည်မှန်းချက်များ အပြည့်အဝအောင်မြင်ရန်အတွက် ဆက်လက်လုပ်ရမည့်လုပ်ငန်းများ ရှိပါသည်။

  • ပွဲနှင့်ပတ်သတ်သည့် blog post ရေးသားခြင်း သို့မဟုတ် podcast တစ်ခု လွှင့်ခြင်းအားဖြင့် တက်ရောက်နိုင်ခြင်းမရှိသူများက ပြန်လည်လေ့လာနိုင်သလို အခြားသူများလည်း လေ့လာနိုင်မည်ဖြစ်သည်။
  • သင်၏ပွဲအတွက် storify စာမျက်နှာတစ်ခုပြုလုပ်ပါ။
  • တက်ရောက်လာသူများအား email ပို့ကာ ဆက်လက်လုပ်သွားမည့် အစီအစဉ်များနှင့် ၄င်းတို့အနေဖြင့် မည်ကဲ့သို့ပူးပေါင်းပါဝင်နိုင်ကြောင်း သိပါစေ။

အကြံပြုချက်များ

  • အကယ်၍ သင်သည် ပွဲတစ်ခုကို ပြုလုပ်တော့မည်ဆိုပါက သင့်အားကူညီရန် တစ်ယောက်ယောက်ရှိပါစေ၊ တိကျသော တာဝန်ခွဲဝေမှုများ ရှိပါစေ။
  • ပွဲအစီအစဉ်တိုင်းတွင် အရေးပေါ်ကိစ္စရပ်များ ကြုံရလာနိုင်သည်ဆိုသည်ကို သတိပြုပါ။
  • လူအများအပြား ရောက်လာခဲ့လျှင် သို့မဟုတ် မလာဖြစ်လျှင် ပြုလုပ်ရန် အစီအစဉ်တစ်ခု အဆင်သင့်ရှိနေပါစေ။
  • တည်ငြိမ်မှုရှိပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။ ပွဲအစီအစဉ် မအောင်မြင်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်သွားမည်မဟုတ်သည်ကို သတိပြုပါ။ Professional ဆန်ပါ။
  • ပွဲပြီးသွားပါက မိမိအဖွဲ့နှင့် ပြန််လည်ဆွေးနွေးပါ။ မည်သည့်အရာများကို ဆက်လက်ပြုလုပ်သွားမည်။ မည်သည်တို့ကို ပိုကောင်းအောင်လုပ်သွားမည်တို့ကို ဆွေးနွေးပါ။