guide

မိတ်ဆက်

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

သင်ပေးတဲ့ အခွန်ရဲ့ဘယ်လောက်ကို လမ်းမီးတွေအတွက်သုံးပြီး ဘယ်လောက်ကို ကင်ဆာရောဂါကုသမှု သုတေသနလုပ်ငန်းတွေအတွက်အသုံးပြုနေတယ် တိတိကျကျသိပါသလား။ သင့်အိမ်ကနေ အလုပ်ကို သွားနိုင်တဲ့ အတိုဆုံး၊ ဘေးအကင်းဆုံးနဲ့အကောင်းဆုံးရှုခင်းတွေရှိတဲ့ စက်ဘီးလမ်းကြောင်းကိုသိပါသလား။ သင့်ဒေသရဲ့ဘယ်နေရာမှာ အကောင်းဆုံးအလုပ်အကိုင်အခွင့်အလမ်းတွေရှိသလဲ ဆိုတာနဲ့ သီးပင်တွေရဲ့အမြင့်ဆုံးထွက်နှုန်းတွေရှိသလဲ ဆိုတာကိုသိပါသလား။ သင်အရေးပါတယ်ထင်တဲ့ အကြောင်းအရာတွေအတွက် သင့်အကြံဉာဏ်တွေကို ဘယ်လိုအချိန်မျိုးမှာ ပေးသင့်ပါသလဲ။ ဘယ်သူတွေကို ပြောပြသင့်ပါသလဲ။

နည်းပညာအသစ်တွေကြောင့် ဤကဲ့သို့သောမေးခွန်းများကို အလိုအလျောက်ဖြေပေးနိုင်သည့် အခြေအနေများ ရှိလာပြီဖြစ်သည်။ ဤမေးခွန်းများကို ဖြေနိုင်ရန် လိုအပ်သည့် data များကို အစိုးရဆီက အဓိကရပါသည်။ သို့သော် လိုအပ်သည့် data အများစုသည် အလွယ်တကူအသုံးပြုနိုင်သည့် အနေအထားတွင် ရှိမနေတတ်ပါ။ ဤစာအုပ်တွင် အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ နှင့် အခြားရင်းမြစ်များမှ သတင်းအချက်အလက်များကို အခြေခံကာ ဝန်ဆောင်မှုအသစ်များ ဖန်တီးလာနိုင်ရန် မည်ကဲ့သို့လုပ်နိုင်သနည်း၊ နိုင်ငံသားများ၏ဘဝ ပိုမိုတိုးတက်လာရန် မည်ကဲ့သို့လုပ်နိုင်သနည်း၊ အစိုးရ နှင့်အရပ်ဘက်၏ လုပ်ငန်းဆောင်တာများ ပိုမိုလျင်မြန်ထိရောက်မှုရှိလာရန် မည်ကဲ့သို့လုပ်နိုင်သနည်း စသည့် အကြောင်းအရာများကို ဖော်ပြထားပါသည်။

Open data အထူးသဖြင့် open government data (open government data)ဆိုသည်မှာ အစိုးရ ထံမှသတင်းအချက်အလက် ဖြစ်စေ၊ အခြားရင်းမြစ်များမှအချက်အလက်များဖြစ်စေ ကို မည်သူမဆို မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်းဖြစ်ပြီး ဤအကြောင်းအရာကို ဆွေးနွေးခဲ့သည်မှာ နှစ်အတန်ချီနေပြီဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစပြီး Open Data အကြောင်းအရာသည် ပိုမိုတွင်ကျယ်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ နှင့် နယူးဇီလန် အစိုးရများက ၎င်းတို့တွင်ရှိသည့် လူထုနှင့် ဆိုင်သော သတင်းအချက်အလက်များကို ဖွင့်ချရန် အစီအစဉ်အသစ်များကို ကြေငြာကာ အကောင်အထည်ဖော်လာကြသည်။ ဤစာအုပ်သည် Open Data ၏အခြေခံချိတ်ဆက်တွေးခေါ်မှုများ၊ အထူးသဖြင့် အစိုးရနှင့် ဆက်နွယ်မှု ကို ရှင်းပြထားသည်။ Open Data က ယူဆောင်လာနိုင်သည့် အကျိုးကျေးဇူးများနှင့် နယ်ပယ်ပေါင်းစုံတွင် အပြုသဘောဆောင်သက်ရောက်မှု များအကြောင်းကိုလည်းရှင်းပြထားသည်။

Open Data ၏နောက်ခံအကြောင်းအရာများအပြင် Open Data များ ကိုမည်ကဲ့သို့ ထုတ်လုပ်နိုင်သည်ကိုလည်း ဤစာအုပ်မှခိုင်မာစွာ ဖော်ပြထားပါသည်။ နောက်ခံအကြောင်းအရာကိုလည်းလေ့လာပါက Open Data ကိုမည်ကဲ့သို့ထုတ်လုပ်နိုင်သည်ကိုလည်း ဤစာအုပ်မှခိုင်မာစွာသတင်းအချက်အလက်ပေးထားသည်။

ရည်ရွယ်သော ပရိသတ်

ဤလက်စွဲစာအုပ်သည် နယ်ပယ်ပေါင်းစုံမှ ပရိသတ်များကိုရည်ရွယ်သည်။

  • Open Data အကြောင်းမသိသေးသူများနှင့် ‘Data Professionals’ ဟုမိမိကိုယ်ကို သတ်မှတ်ထားသူများ။
  • လူမှုရေးလုပ်သူများနှင့် တက်ကြွလှုပ်ရှားသူများ။
  • သတင်းသမားများနှင့် သုတေသနလုပ်သူများ။
  • နိုင်ငံရေးသမားများနှင့် နည်းပညာသမားများ။
  • Data ရူးသွပ်သူများနှင့် API ကိုမကြားဖူးသူများ။

ဤစာအုပ်တွင် ပါဝင်သော သတင်းအချက်အလက်အများစုသည် အစိုးရထံမှ data များကို ဦးစားပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရေးသားသူများ၏ ရည်ရွယ်ချက်မှာ အခွင့်သာသလို ပိုမိုကျယ်ပြန့်အောင် တင်ဆက်ပေးသွားရန်ဖြစ်သည်။ ဤကြိုးစားအားထုတ်မှုတွင် သင်ပါဝင်ရန်အတွက်လည်း ဖိတ်ခေါ်အပ်ပါသည်။

ဤလက်စွဲစာအုပ်သည် ဤအကြောင်းအရာနှင့်ပါတ်သက်ပြီး လုံးဝမသိသေးသူများ သို့မဟုတ် တီးမိခေါက်မိရှိသူများ ကိုရည်ရွယ်သည်။ အကယ်၍ သင်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ပညာရပ်ဆိုင်ရာ စကားလုံးများကိုတွေ့ပါက လက်စွဲစာအုပ်၏ နောက်ဆုံးတွင်ပါသော အသေးစိတ်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် FAQs (မေးလေ့ရှိသော မေးခွန်းများ) တွင် ထပ်မံလေ့လာနိုင်ပါသည်။

အသိအမှတ်ပြုမှုများနှင့် မူပိုင်ခွင့်

ကူညီရေးသားသူများ

တိုက်ရိုက်အသုံးပြုခဲ့သော ရှိပြီးသားအရင်းမြစ်များ

  • Technical Proposal for how IATI is implemented. The IATI Technical Advisory Group led by Simon Parrish
  • Unlocking the Potential of Aid Information. Rufus Pollock, Jonathan Gray, Simon Parrish, Jordan Hatcher
  • Finnish manual authored by Antti Poikola
  • Beyond Access Report. Access Info and the Open Knowledge Foundation

အခြားအရင်းမြစ်များ