guide

Data ကို Open ဖြစ်အောင်ဘယ်လိုလုပ်မလဲ။

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

ဤအပိုင်းသည် လက်စွဲစာအုပ်၏ အဓိကအရေးကြီးဆုံးအပိုင်းဖြစ်သည်။ ဤတွင် Data ရှိသည့်သူများအနေဖြင့်မည်ကဲ့သို့ Data ကို Open ဖြစ်အောင်လုပ်နိုင်မည်ကို အသေးစိတ် အကြံပေးထားသည်။ ထိုသို့လုပ်နိုင်ရန်အတွက် အခြေခံအကြောင်းအရာများလည်းနှင့် မမျှော်လင့်ပဲကြုံတွေ့ရနိုင်သည့်အခက်အခဲများအကြောင်းကိုပါ ဖော်ပြသွားမည်။ နောက်ဆုံးအနေဖြင့် မြင်သာမှုမရှိသော်လည်း ထွက်ပေါ်လာနိုင်သည့် အကြောင်းအရာများကိုဆွေးနွေးသွားမည်။

Data ကို Open လုပ်ရန်အတွက် အဓိကလိုက်နာရမည့်အောက်ပါ စည်းမျဉ်း(၃)ခုကို ကျွန်ုပ်တို့အနေဖြင့် အကြံပေးလိုပါသည်။

  • ရိုးရှင်းအောင်ထားပါ အသေးငယ်ဆုံး၊ အရိုးရှင်းဆုံးနှင့် အမြန်ဆန်ဆုံး စတင်ပါ။ Dataset အားလုံးကို တစ်ပြိုင်နက်တည်း Open ဖြစ်ရန်မလိုအပ်ပါ။ သင့်အနေဖြင့် Dataset များများ Open လုပ်ပေးနိုင်လေ ပိုကောင်းလေဖြစ်ပေသည်။ သို့ရာတွင် Dataset တစ်ခုကိုပဲ Open လုပ်ခြင်း သို့မဟုတ် ကြီးမားသည့် dataset အတွင်းမှ အစိတ်အပိုင်းတစ်ခုကိုပင်လျှင် Open ဖြစ်အောင် လုပ်ခြင်းသည်လည်း အဆင်ပြေပါသည်။

ဤသည်မှာ စိတ်ကူး နည်းလမ်းသစ် ဖြစ်ကြောင်းသတိရပါ။ အလွန်လျင်မြန်စွာသွားခြင်းကြောင့် သင့်အနေဖြင့် အရှိန်အဟုတ်တစ်ခုတည်ဆောက်နိုင်ပြီး အတွေ့အကြုံမှတဆင့် သင်ယူနိုင်စေသည်။ Dataset တိုင်းသည်အသုံးတည့် လိမ့်မည်မဟုတ်ကြောင်းကိုလည်း သတိမူပါ။

  • စောစော စေ့စပ်ပါ၊ မကြာခဏ စေ့စပ်ပါ။ Data အသုံးပြုနိုင်ချေရှိသူများနှင့် ပြန်လည်အသုံးပြုနိုင်ချေရှိသူများ နှင့် သင်တတ်နိုင်သမျှ စောစော စေ့စပ်ပါ၊ မကြာခဏစေ့စပ်ပါ။ ထိုသူများသည် နိုင်ငံသားများ၊ စီးပွါးရေးလုပ်ငန်းများ သို့မဟုတ် developer များ ဖြစ်နိုင်သည်။ မည်သူနှင့်မဆို ဆွေးနွေးညှိနှိုင်းပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် သင်ထပ်မံပြုလုပ်မည့်အရာများသည် အသုံးပြုမည့်သူများအတွက် ပိုမိုသင့်လျော်လာမည်ဖြစ်သည်။

    ဤမျှ Data ပမာဏသည် ‘info-mediaries’ မှလွဲ၍ အသုံးပြုသူအမြောက်အများထံသို့တိုက်ရိုက်ရောက်နိုင်မည်မဟုတ်ကြောင်းကို သိထားရန်လိုအပ်ပါသည်။ ထိုသူများသည် Data များကိုရယူပြီးနောက် ပြန်လည်ပြင်ဆင်ပြီး သို့မဟုတ် ရောနှောပြီး တင်ဆက်ကြသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့လိုသူအများစုမှာ database ကြီးတစ်ခု၏ GPS တန်ဖိုးများ မလိုချင်ကြပေ သို့မဟုတ် မလိုအပ်ကြချေ။ ထိုအစား မြေပုံတစ်ပုံဆိုလျှင် ကျွန်ုပ်တို့သဘောကျကြလိမ့်မည်။ ထို့ကြောင့် infomediaries နှင့် ပထမဦးစွာ ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ။ ထိုသူများသည် data ကိုပြန်လည်အသုံးပြုခြင်းနှင့် အခြားရည်ရွယ်ချက်တစ်ခုဖြင့် အသုံးတည့်အောင်ပြုလုပ်လိမ့်မည်။

  • ဖြစ်လေ့ဖြစ်ထရှိတတ်သော ကြောက်ရွံမှုနှင့် နားလည်မှုလွဲခြင်းများကိုဖြေရှင်းပါ။ အစိုးရကဲ့သို့သော ကြီးမားသည့်အဖွဲ့အစည်းမျိုးနှင့် သင်အလုပ်လုပ်ပါက သို့မဟုတ် ထိုကဲ့သို့အဖွဲ့အစည်းအတွင်းတွင် သင်ပါဝင်ပါက ဤအရာသည် အထူးအရေးပါသည်။ Data ကို Open လုပ်ခြင်းဖြင့် မေးခွန်းပေါင်းများစွာနှင့် စိုးရိမ်မှုများစွာကို သင်ရင်ဆိုင်ကြုံတွေ့ရမည်။ (၁) အရေးကြီးဆုံးအရာများကို ခွဲခြားသတ်မှတ်ရန် နှင့် (၂) ထိုအရာများကို တတ်နိုင်သမျှ အစောဆုံးအခြေအနေတွင် ဖြေရှင်းရန် အရေးကြီးပါသည်။

Data ကို Open ဖြစ်အောင်ပြုလုပ်ရာတွင် အဓိက အဆင့်ကြီး ၄ဆင့်ရှိသည်၊ ထိုအကြောင်းအရာများ အသေးစိတ်ကို အောက်တွင်ဖော်ပြထားသည်။ အဆင့်အတော်တော်များများသည် တစ်ချိန်တည်းတွင်ဖြစ်နိုင်သည်။

၁။ သင်၏ dataset (များ) ကို ရွေးချယ်ပါ။ သင် Open လုပ်ချင်သော dataset ကိုရွေးချယ်ပါ။ နောက်အဆင့်များတွင် သင် ပြဿနာကြုံတွေ့ရပါက ဤအဆင့်သို့ပြန်လာနိုင်သည်။ (ပြန်လာရန်လိုအပ်သည်) ၂။ Open License လျှောက်ထားပါ။ (၁) Data ထဲတွင် မည်သည့် ဥာဏပိုင်ဆိုင်မှုအခွင့်အရေး ရှိသည်ကို သိအောင်လုပ်ပါ။ (၂) ဤအခွင့်အရေးများအတွက် သင့်လျော်သည့် လိုင်စင်များကိုလျှောက်ထားပါ။ ‘Open Data ဆိုတာဘာလဲ’ အခန်းတွင် ဖေါ်ပြခဲ့သည့် Open ဖြစ်မှုကို အထောက်အပံ့ပေးနိုင်သည့် သင့်လျော်သော Open လိုင်စင်ကိုလျှောက်ထားပါ။ (၃) NB: အကယ်၍ ဤအဆင့်ကို ပြုလုပ်၍မရပါက အဆင့် ၁ သို့ပြန်သွားကာ မတူညီသည့် dataset တစ်ခုဖြင့်စမ်းကြည့်ပါ။

၃။ Data အပြည့်အစုံ တစ်ခုလုံးနှင့် အသုံးတည့်သည့် format ဖြင့် ရရှိနိုင်အောင်ပြုလုပ်ပါ။ - Data ကို API မှတဆင့် ရရှိနိုင်အောင်လုပ်ခြင်းကဲ့သို့သော အခြားနည်းလမ်းများကို သင့်အနေဖြင့် ထည့်သွင်းစဉ်းစားလိုလိမ့်မည်။ ၄။ ရှာဖွေနိုင်အောင်ပြုလုပ်ထားပါ။ - Data ကို web ပေါ်တွင်တင်ခြင်းနှင့် သင်၏ open datasets ကတ်တလောက်စာရင်းပြုစုထားခြင်းဖြင့် ရှာဖွေနိုင်အောင်ပြုလုပ်ထားပါ။

Dataset ကိုရွေးချယ်ခြင်း။

သင် Open လုပ်လိုသော dataset ကိုရွေးချယ်ခြင်းမှာ ပထမအဆင့်ဖြစ်သော်လည်း မှတ်သားထားရန်လိုအပ်သည်မှာ Data ကို Open ဖြစ်အောင်လုပ်ခြင်းသည် ထပ်ခါထပ်ခါပြုလုပ်ရနိုင်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး အကယ်၍ နောက်တွင် ပြဿနာကြုံတွေ့ရပါက ဤအဆင့်သို့ပြန်လာနိုင်သည်။

အကယ်၍သင့်အနေဖြင့် မည်သည့် dataset (များ) ကို open လုပ်မည်ဆိုသည့်ကို အတိအကျသိရှိပြီးဖြစ်ပါက နောက်ခေါင်းစဉ်တစ်ခုသို့ ပြောင်းနိုင်သည်။ သို့ရာတွင် အကြိမ်အတော်များများ၊ အထူးသဖြင့် အဖွဲ့အစည်းကြီးများအတွက်ဆိုလျှင် မည်ကဲ့သို့သော dataset မျိုးကို ရွေးချယ်ရမည်ဆိုသည်မှာ အခက်အခဲတစ်ရပ်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်လာလျှင် မည်သို့ဆက်သွားနိုင်မည်နည်း။

ဤစာရင်းကိုဖန်တီးခြင်းသည် မည်သည့် Dataset ကို Open စလုပ်မည်ဟု သတ်မှတ်ပေးသော မြန်ဆန်သည့်ဖြစ်စဉ်တစ်ခုဖြစ်သင့်သည်။Dataset တစ်ခုချင်းစီသည် သင့်လျော်မှုရှိ/မရှိကို အသေးစိတ်စစ်ဆေးရမည့် အချိန်များရှိလာလိမ့်မည်။

သင်၏ dataset စာရင်းများကို ပြည့်ပြည့်စုံစုံ ဖန်တီးရန်အတွက် မည်သည့် လိုအပ်ချက်မျှမရှိချေ။ မှတ်သားထားရန် လိုအပ်သည်မှာ dataset ကို ထုတ်ဝေရန်ဖြစ်နိုင်ချေရှိခြင်းမရှိခြင်းဖြစ်သည်။ (Open ထုတ်ဝေသည်ဖြစ်စေ၊ အခြားနည်းဖြင့်ထုတ်ဝေသည်ဖြစ်စေ) ပြီးခဲ့သည့် အပိုင်းတွင်ကြည့်ပါ။

ရပ်ရွာလူထုကိုမေးခြင်း။

ပထမဦးစွာ Communityကိုမေးမြန်းရန်အတွက် အကြံပြုလိုပါသည်။ ထိုသူသည်များသည် Data ကိုရယူအသုံးပြုမည့်သူများဖြစ်သကဲ့သို့မည်ကဲ့သို့သော data များသည် တန်ဖိုးရှိနိုင်မည်ကိုလည်း နားလည်သည့်လူများဖြစ်နိုင်သည်။

၁။ တုံ့ပြန်မှုရရှိလိုသော dataset များကိုစာရင်းပြုစုပါ။ စာရင်းသည် သင်မျှော်လင့်ထားချက်များနှင့် ကိုက်ညီရန်မဖြစ်မနေမလိုအပ်ချေ၊ အဓိကရည်ရွယ်ချက်မှာ လိုအပ်ချက်/ဝယ်လိုအား မည်မျှရှိသည်ကို သိနိုင်ရန်ဖြစ်သည်။ ဤသည်ကို အခြားနိုင်ငံများ၏ Open data ကတ်တလောက်များပေါ်တွင်အခြေခံနိုင်သည်။ ၂။ ဝေဖန်အကြံပြုရန်လည်း တောင်းဆိုပါ။ ၃။ သင်၏တောင်းဆိုချက်ကို webpage ဖြင့် လူအများသိမြင်နိုင်အောင်လုပ်ပါ။ ၎င်း၏ ကိုယ်ပိုင် URL မှတဆင့် ရရှိနိုင်အောင်လုပ်ပါ။ ထိုနည်းဖြင့် လူမှုကွန်ယက်များမှတဆင့် ဝေမျှပါက ထိုတောင်းဆိုချက်ကို လွယ်လွယ်ကူကူတွေ့နိုင်မည်။ ၄။ တုံ့ပြန်မှုများကို ပေးပို့ရန်အတွက် လွယ်ကူသော နည်းလမ်းများပေးထားပါ။ Register လုပ်ထားမှသာ တုံ့ပြန်မှုပြုနိုင်ခြင်းကိုရှောင်ပါ၊ ၎င်းသည် တုံ့ပြန်မှုပေးသော အရေအတွက်ကိုလျော့ကျသွားစေနိုင်သည်။ ၅။ email အုပ်စုများ၊ ဖိုရမ်များ၊ တစ်ဦးချင်းစီထံသို့ တောင်းဆိုချက်များကို ပေးပို့ပါ။တုံ့ပြန်မှုရရှိရန် တောင်းဆိုချက်ကို မူလ webpage သို့လာရောက်ပေးရန် ညွှန်ပေးပါ။ ၆။ အကြံဥာဏ်တောင်းခံသည့် ပွဲတစ်ခုလည်းပြုလုပ်ပါ။ ထိုသို့ပြုလုပ်ရာတွင် သာမန် စီးပွါးရေးသမား၊ Data ကျွမ်းကျင်သူ နှင့် ဝန်ထမ်းများတက်ရောက်နိုင်ရန် သင့်လျော်သည့် အချိန်ကိုရွေးချယ်ပါ။ ၇။ သင်၏ အေဂျင်စီကိုယ်စား နိုင်ငံရေးသမား တစ်ဦးဦးကို ပြောဆိုခိုင်းပါ၊ Open Data ဆိုသည်မှာ လည်း အစိုးရ၏ သတင်းအချက်အလက်များကို ပိုမိုရယူနိုင်ရန်အတွက် ကျယ်ပြန့်လှသည့် မူဝါဒထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကုန်ကျစရိတ်

အေဂျင်စီများသည် ၎င်းတို့ကိုင်ဆောင်ထားသော data များစုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ငွေကြေးပမာဏ မည်မျှ အသုံးပြုနေကြပါသလဲ။ Dataset တစ်ခုအတွက် ကုန်ကျစရိတ်ကြီးကြီးမားမား အသုံးပြုထားပါက အခြားသူများက ပိုမိုရယူလိုပေမည်။ ထိုကဲ့သို့အခမဲ့ရယူခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုတစ်ခုခုရှိနိုင်မည်ဟုလည်း ငြင်းချက်ထုတ်နိုင်သည်။ ထိုအရာကိုတုံ့ပြန်နိုင်သည့်မေခွန်းမှာ “ကုန်ကျစရိတ်အများအပြားဖြင့်ကောက်ခံထားသော သတင်းအချက်အလက်ကို အခြားသူတွေက ဘာကြောင့် အခမဲ့ ရယူနိုင်ရမှာလဲ” ဖြစ်သည်။ ကုန်ကျစရိတ်သည် နိုင်ငံတော်မှ ကိစ္စတစ်စုံတစ်ရာ လုပ်ဆောင်ရန်အတွက် အကုန်အကျခံရခြင်းဖြစ်သည်။ Data ကိုစုဆောင်းပြီးသည်နှင့် တတိယလူထံပို့ပေးခြင်းကုန်ကျစရိတ်မှာ အကြမ်းအားဖြင့် ဘာမျှမရှိချေ။ ထို့ကြောင့် Data ကိုရယူရန် ကုန်ကျစရိတ် လုံးဝမရှိသင့်ချေ။

ထုတ်လုပ်ရန်လွယ်ကူမှု

တစ်ခါတစ်ရံ မည်သည့် Data ကပိုတန်ဖိုးရှိသည်ဟုဆုံးဖြတ်ခြင်းထက် လူထုလက်တွင်းသို့မည်သည့် Data ကပိုမိုလွယ်ကူစွာရောက်ရှိနိုင်မည်၊ ပိုအသုံးတည့်မည်ကို ဦးစွာစဉ်းစားသင့်သည်။ သေးငယ်ပြီး ထုတ်လုပ်ရန် ပိုမိုလွယ်ကူသော Dataset များသည် အဖွဲ့အစည်းအတွင်း ပြုမူဆောင်ရွက်မှုများကို ပိုမိုလျှင်မြန်စွာ ပြောင်းလဲပေးနိုင်သည်။

မည်သို့ပင်ဆိုစေ ဤချဉ်းကပ်မှုကို အသုံးပြုပါက ဂရုစိုက်ရန်လိုအပ်သည်။ ထိုကဲ့သို့အသေးစား ထုတ်လုပ်မှုသည် တန်ဖိုးအားဖြင့်လည်း အလွန်သေးငယ်သောကြောင့် ထိုမှတဆင့်မည်သည့် အရာမျှ တည်ဆောက်၍မရဘဲလည်းရှိတတ်သည်။ ဤကဲ့သို့ဖြစ်ပါက စီမံကိန်းအပေါ် ယုံကြည်နေမှုသည် အားပျော့လာတတ်သည်။

အခြားသူများကို လေ့လာပါ။

Open Data သည် ကြီးထွားလာနေသည့် လှုပ်ရှားမှုဖြစ်သည်။ သင်၏နယ်ပယ်ထဲတွင် အခြားနယ်ပယ်တွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်ထားသူများရှိသည်။ အခြား အေဂျင်စီများ မည်သည့်အရာများ လုပ်ဆောင်နေသည်ကို အခြေခံစာရင်းတစ်ခု ပြုစုပါ။

Open လိုင်စင်လျှောက်ထားပါ။ (တရားဝင် Open ဖြစ်မှု)

ဥပဒေအများစုတွင် Data တွင်းရှိသော ဥာဏ်ဏပိုင်ဆိုင်မှုအခွင့်အရေးအတွက် တတိယ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ရှင်းလင်းသည့် ခွင့်ပြုချက်မပါရှိဘဲ Data ကို အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်း နှင့် ပြန်လည်ဖြန့်ဝေခြင်းတို့ပြုလုပ်ရန် ခွင့်မပြုချေ။ အခွင့်အရေးရှိမရှိ မသေချာသည့် နေရာများတွင်ပင်လျှင် ရှင်းလင်းမှုရှိစေရန်အတွက် လိုင်စင်လျှောက်ထားရန် အလွန်အရေးကြီးသည်။ ထို့ကြောင့် သင့် Data ကို ရယူနိုင်အောင်လုပ်နေပါက ထို Data အတွက် လိုင်စင်ရှိထားသင့်သည်။ သင့် Data ကို open ဖြစ်အောင်လုပ်လိုပါက လိုင်စင်သည်သာ၍ပင်အရေးကြီးပါသည်။

သင်မည်သည့်လိုင်စင်များကို အသုံးပြုနေပါသလဲ။ Open အဓိပ္ပါယ်ဖွင့်ဆိုချက် (Open Definition)နှင့် ကိုက်ညီမှုရှိသော၊ သင့်လျော်မှုရှိသော လိုင်စင်တစ်မျိုးမျိုးကို သင် Open လုပ်လိုသော Data အတွက် အသုံးပြုရန် အကြံပြုလိုပါသည်။ ထိုစာရင်းကို အညွှန်းများနှင့်တကွ http://opendefinition.org/licenses/ တွင် တွေ့နိုင်သည်။

Open Data Commons တွင်လည်း Open Data လိုင်စင်လျှောက်ထားခြင်းနှင့်ပါတ်သက်ပြီး တစ်မျက်နှာစာ အညွှန်းကိုကြည့်ရှုနိုင်သည်။

Data ကိုရယူနိုင်အောင်ပြုလုပ်ခြင်း။ (နည်းပညာပိုင်းဆိုင်ရာ Open ဖြစ်မှု)

Open data သည် နည်းပညာပိုင်းအရ Open ဖြစ်သကဲ့သို့ တရားဝင်လည်း Open ဖြစ်ရန်လိုအပ်သည်။ တိတိကျကျဆိုရလျှင် Data တစ်ခုလုံးသည် machine-readableformat ဖြစ်ရန် လိုအပ်ပါသည်။

ရယူနိုင်မှု

Data ကိုရယူပြီး ပြန်လည်ထုတ်လုပ်ရာတွင် သင့်လျော်သော ကုန်ကျစရိတ် ထက်မပိုသင့်ချေ၊ အင်တာနက်မှ အခမဲ့ download လုပ်၍ ရယူနိုင်လျှင် ပို၍အဆင်ပြေသည်။ ဈေးနှုန်းသတ်မှတ်သည့်ပုံစံ အောင်မြင်ခဲ့သည်မှာ သင့် အေဂျင်စီသည် Data ကိုအသုံးပြုရန် ပေးသည့်အခါတွင်မည်သည့်ကုန်ကျစရိတ်မျှ ကျခံရန်မလိုသည့်အတွက်ဖြစ်သည်။

တစ်ခုလုံးရရှိနိုင်မှု

Dataset တစ်ခုကို အပြည့်အစုံရယူနိုင်ရမည်။ ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ကောက်ယူထားသော data များရှိပါက ၄င်းData တစ်ခုလုံးကို download လုပ်၍ ရယူနိုင်ရမည်။ Web API သို့မဟုတ် ဆင်တူသည့် ဝန်ဆောင်မှုသည်အသုံးတည့်နိုင်သော်လည်း တစ်ခုလုံး ရယူနိုင်မှုအတွက် ထိုအရာများဖြင့် အစားမထိုးနိုင်ချေ။

Open ဖြစ်သော machine-readable format

ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင်ရှိသော Data များကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် မလိုအပ်သော တားမြစ်ချက်များ မရှိသင့်ချေ။ ပို၍အရေးကြီးသည်မှာ ၎င်းတို့ထောက်ပံ့ပေးသော Data များသည် ပြန်လည်အသုံးပြုနိုင်ရန်အတွက်အကောင်းဆုံးဖြစ်သည့် machine-readable format ဖြစ်ရမည်။ ထိုအရာကို ပုံဖော်ပြောရလျှင် PDF အနေဖြင့်ထုတ်ဝေသော ကိန်းကဏန်းအချက်အလက်များသည် အရည်အသွေးကောင်းသော ပုံနှိပ်မှုအတွက်သာ များသောအားဖြင့် အသုံးပြုသည်။ ထိုကိန်းကဏန်းများကို လူအနေဖြင့် ဖတ်နိုင်သော်လည်း ကွန်ပြူတာဖြင့် ဖတ်ပြီး အသုံးပြုရန် အလွန် ခက်ခဲပေမည်။ ထိုအရာသည် အခြားသူများ Data ကို ပြန်လည်အသုံးနိုင်ရန်အတွက် အကန့်အသတ်များဖြစ်သည်။

အောက်ပါ မူဝါဒ အနည်းငယ်သည် ကြီးမားသောအကျိုးကျေးဇူးရရှိရန်အသုံးဝင်သည်။

  • ရိုးရှင်းစွာထားပါ။
  • မြန်မြန်ရွှေ့ပါ။
  • ယုတ္တိကျပါ။

တစ်နည်းအားဖြင့်ဆိုရလျှင် Data အကြမ်းရှိလျှင်ရှိခြင်းပေးလိုက်ခြင်းက ပြီးပြည့်စုံသည့် Data ကို ၆လ ကြာမှ ပေးခြင်းထက်ပိုကောင်းသည်။

အခြားသူများ Data ရယူနိုင်အောင်ပြုလုပ်နိုင်သည့် မတူညီသည့်နည်းလမ်းပေါင်းများစွာရှိသည်။ အင်တာနက်ခေတ်ကြီးထဲတွင် သဘာဝအကျဆုံးနည်းလမ်းမှာ online ထုတ်ဝေမှုဖြစ်သည်။ ဤပုံစံအတွက်လည်း ဆင်တူသည့်နည်းလမ်းများစွာရှိသည်။ အခြေအကျဆုံးအနေဖြင့် အေဂျင်စီများသည် ၎င်းတို့website များမှတဆင့်နှင့်မူလကတ်တလောက်မှ သင့်လျော်မှုရှိသော ရင်းဖြစ်များကို ညွှန်းပေးခြင်းဖြစ်သည်။ မတူညီသည့် နည်းလမ်းပေါင်းများစွာလည်းရှိသေးသည်။

အင်တာနက်လိုင်းအရည်အသွေးသည် ကန့်သတ်ချက်ရှိနေပါက သို့မဟုတ် Data ၏အရွယ်အစားသည် အလွန်ကြီးမားပါက အခြား format များဖြင့် ဖြန့်ချီနိုင်သည်။ ဤအပိုင်းတွင် ကုန်ကျစရိတ်များကိုအတတ်နိုင်ဆုံးလျှော့ချရန်အတွက် မတူညီသည့်နည်းလမ်းများကို ဆွေးနွေးသွားမည်။

Online နည်းလမ်းများ

သင့်တွင်ရှိပြီးသား website မှတဆင့်

ဤစနစ်သည် သင့် webpage တွင် တိုက်ရိုက် download လုပ်ရန်အတွက် ဖိုင် ထောက်ပံ့ပေးခြင်းဖြစ်သောကြောင့် သင်၏ web content အဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်မှု အရှိဆုံးဖြစ်နိုင်သည်။ ဆွေးနွေးပွဲနှင့်ဆိုင်သော စာရွက်စာတမ်းများကို အလွယ်တကူရရှိနိုင်သကဲ့သို့ထိုနည်းဖြင့် Data ဖိုင်များကို ရယူနိုင်အောင်ပြုလုပ်ခြင်းသည်လည်းအဆင်ပြေပါသည်။

ဤချည်းကပ်မှု၏ အခက်အခဲတစ်ခုမှာ အပြင်လူအနေဖြင့် update အဖြစ်ဆုံးသတင်းအချက်အလက်ကို ရှာတွေ့ရန်အလွန်ခက်ခဲခြင်းဖြစ်သည်။ ဤနည်းလမ်းသည် သင်၏ data ဖြင့် tools များဖန်တီးလိုသူအတွက် အနည်းငယ်ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

တတိယ ပုဂ္ဂိုလ်၊ site များမှတဆင့်

သတင်းအချက်အလက်များသိမ်းဆည်းသည့် နေရာအများစုသည် နယ်ပယ်အမျိုးမျိုးအတွက် Data Hub များဖြစ်လာသည်။ ဥပမာအားဖြင့် pachube.com သည် sensor ရှိသောသူများနှင့် ၎င်းတို့ထံမှ Data ရယူလိုသောသူများကို ချိတ်ဆက်ပေးရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ Infochimps.com နှင့် Talis.com ကဲ့သို့Site များသည် အစိုးရပိုင်လုပ်ငန်းများလုပ်ကိုင်သော အေဂျင်စီများ၏ Data ကို ပမာဏကြီးကြီးမားမားထိ အခမဲ့ သိမ်းဆည်းခွင့်ပေးသည်။

တတိယကြားခံ site များသည်အလွန်အသုံးဝင်နိုင်သည်။ အဓိကအကြောင်းရင်းမှာ ၎င်းသည် စိတ်ဝင်စားသည့် လူအုပ်စုများကို ဆွဲဆောင်ပြီးဖြစ်သလို အခြား Dataset များလည်း ရှိပြီးဖြစ်သည်။ သင်၏ Data သည် ဤ platform ၏တစ်စိတ်တစ်ပိုင်းဖြစ်ပါက အပြုသဘောဆောင်သော စိတ်ဝင်စားမှုတစ်ခုကို စုစည်းပြီးဖြစ်နိုင်သည်။

Data အမြောက်အများရှိပြီးသော လက်ကား platform များသည် တောင်းဆိုချက်များကို အထောက်အပံ့ပေးနိုင်သော အခြေခံလိုအပ်ချက်များရှိပြီးဖြစ်သည်။ ၎င်းတို့သည် လေ့လာဆန်းစစ်ရန် နည်းလမ်းများနှင့် အသုံးပြုခြင်း သတင်းအချက်အလက်များကိုပါ ပေးလေ့ရှိသည်။ အစိုးရပိုင်းနှင့်ဆိုင်သော အေဂျင်စီများအတွက် ထို platform များမှာ အခမဲ့ဖြစ်လေ့ရှိသည်။

ဤ platform များကြောင့် ဆုံးရှုံးမှု နှစ်ခုရှိသည်။ ပထမတစ်ခုမှာ အမှီအခိုကင်းမှု ဖြစ်သည်။ သင့် အေဂျင်စီအနေဖြင့် အခြားသူများ၏ ထိန်းချုပ်မှုကို ကာကွယ်နိုင်ရမည်။ ထိုအရာသည် နိုင်ငံရေးအရ၊ တရားဝင်ဖြစ်မှုအရ သို့မဟုတ် အကောင်အထည်ဖော်မှုပိုင်းအရ ခက်ခဲမှုရှိသည်။ ဒုတိယတစ်ခုမှာ Open ဖြစ်မှု ဖြစ်သည်။

Software developer များနှင့် သိပ္ပံပညာရှင်များသည် smartphone မှအစ supercomputer များအထိ operating system အမျိုးမျိုးကို အသုံးပြုကြသည်။ ထိုသူအားလုံးသည် Data ကိုရယူနိုင်ရမည်။

FTP ဆာဗာများမှတစ်ဆင့်

ဖိုင်များကို မျှဝေနိုင်သည့် အခြားနည်းလမ်းတစ်ခုမှာ File Transfer Protocol (FTP) ဖြစ်သည်။ သင်၏ Data ကိုရယူမည့်သူများမှာ software developer ကဲ့သို့သော နည်းပညာသမားများနှင့် သိပ္ပံပညာရှင်များဖြစ်ပါက ဤနည်းလမ်းသည် သင့်လျော်မှုရှိနိုင်သည်။ FTP စနစ်သည် HTTP ကဲသို့အလုပ်လုပ်သည်။ ၄င်းကို ဖိုင်များ ပေးပို့ခြင်းအတွက် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။

FTP ကို ယခုအခါ လူကြိုက်များမှုနည်းသွားပြီဖြစ်သည်။ Website ရှိမည့်အစား FTP ဆာဗာမှ တဆင့် ရှာဖွေခြင်းသည် ကွန်ပြူတာထဲမှ folder များကိုရှာဖွေခြင်းနှင့် ဆင်တူသည်။ ထို့ကြောင့် ၎င်းသည် ရည်ရွယ်ချက်နှင့် ကိုက်ညီသော်လည်း web development လုပ်ငန်းများက စိတ်ကြိုက်ပုံစံများဖန်တီးပေးပြီး ဈေးနှုန်းသတ်မှတ်ရန်အတွက် စွမ်းရည်နည်းပေသည်။

Torrent များကဲ့သို့

BitTorrentသည် ၎င်း၏ မူပိုင်ခွင့် ချိုးဖောက်ခြင်းနှင့်ဆက်နွှယ်မှုကြောင့် မူဝါဒချမှတ်သူများ သတိပြုမိလာသော စနစ်တစ်ခုဖြစ်သည်။ BitTorrent သည် ဖိုင်များကို ရယူသည့်သူများထံမှ ဖြန့်ချီရေးကုန်ကျစရိတ်ကို ခွဲဝေရယူခြင်းဖြင့် အလုပ်လုပ်သော torrent ဟူသည့် ဖိုင်များကို အသုံးပြုသည်။ ဆာဗာများ overload ဖြစ်လာမည့်အစား အထောက်အပံ့ပေးမှုသည် ရယူလိုမှုမြင့်တက်လာသည်နှင့်အမျှ မြင့်တက်လာသည်။ ထို့ကြောင့်ပင်လျှင် ဤစနစ်သည် ရုပ်ရှင်များဝေမျှခြင်းတွင် လွန်စွာအောင်မြင်သည်။ ၎င်းသည် ပမာဏကြီးမားသော Data များ ဖြန့်ချီရာတွင် အလွန်စွမ်းဆောင်ရည်ကောင်းသည့် နည်းလမ်းဖြစ်သည်။

API တစ်ခုကဲ့သို့

Data ကို Application Programming Interface (API) ဖြင့်လည်းထုတ်ဝေနိုင်သည်။ ဤကွန်ပြူတာစနစ်သည်လည်း လူသိအလွန်များလာခဲ့သည်။ ၎င်းသည် programmer များကို Data ဖိုင်ကြီးတစ်ခုလုံးအနေဖြင့် ထောက်ပံ့ပေးမည့်အစား လိုအပ်သည့် Data ၏အစိတ်အပိုင်းအသေးစိတ်ကို ရွေးချယ်ခွင့်ပေးသည်။ API သည် များသောအားဖြင့် အချိန်နှင့်တပြေးညီ update လုပ်ပေးသော database နှင့် များသောအားဖြင့်ချိတ်ဆက်ထားသည်။ ဆိုလိုသည်မှာ API မှတဆင့် သတင်းအချက်အလက်ကို ရယူနိုင်အောင်ပြုလုပ်ခြင်းသည် အမြဲတမ်း update နေစေသည်။

Raw data များ အများအပြားထုတ်ဝေခြင်းသည် Open Data အစီအစဉ်များ၏ ပထမဦးစားပေးဖြစ်သင့်သည်။ API ဖြင့်အထောက်အပံ့ပေးခြင်းတွင် ထည့်သွင်းစဉ်းစားရမည့်အရာ အနည်းငယ်ရှိသည်။

၁။ ဈေးနှုန်း။ ဖိုင်များအထောက်အပံ့ပေးရသည်ထက် တိုးတက်အောင်လုပ်ရခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရခြင်းက စရိတ်ပိုများသည်။ ၂။ မျှော်လင့်ထားချက်များ။ စနစ်၏နောက်ကွယ်တွင်ရှိသော community ကိုအထောက်အပံ့ပေးရန်အတွက် အရေးကြီးသည်မှာ တိကျသေချာခြင်းဖြစ်သည်။ တစ်စုံတစ်ခုမှာယွင်းသွားပါက သင့်အနေဖြင့်ပြင်ဆင်ပေးရန်အတွက် မျှော်လင့်ထားကြပေလိမ့်မည်။

Data တစ်ခုလုံးကို ရယူနိုင်မှုသည် အောက်ပါအချက်များကို သေချာစေသည်။

  • Data ကိုမူလအထောက်အပံ့ပေးသူအပေးတွင် မှီခိုမှုမရှိပါ။ ဆိုလိုသည်မှာ မူလအဖွဲ့အစည်းက ဖွဲ့စည်းပုံပြောင်းလဲမှုကြောင့် သို့မဟုတ် ငွေကြေးလည်ပတ်မှု ပြောင်းလဲမှုတို့က အခြေအနေကို ပြောင်းလဲစေနိုင်သော်လည်း Data ကိုဆက်လက်ရယူနိုင်ဦးမည်ဖြစ်သည်။
  • မည်သူမဆို copy တစ်ခုရယူနိုင်ပြီး ပြန်လည်ဖြန့်ချိနိုင်သည်။ ထိုအရာသည်မူလရင်းမြစ်၏ ဖြန့်ချိရေးကုန်ကျစရိတ်ကို လျှာ့ချနိုင်သည်၊ ဆိုလိုသည်မှာ အရှုံးမရှိပါ။
  • အခြားသူများသည် Data ကိုအသုံးပြုပြီး ၎င်းတို့၏ကိုယ်ပိုင် ဝန်ဆောင်မှုများစတင်နိုင်သည်၊ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ၎င်းတို့ထံမှ Data ကိုပြန်မယူသွားနိုင်ကြောင်း သေချာနေသောကြောင့်ဖြစ်သည်။

Data တစ်ခုလုံးကို အခြားသူများအသုံးပြုရန် ခွင့်ပြုခြင်းသည် ၎င်း၏ မူလရည်ရွယ်ချက်ထက်ပင်ကျော်လွန်ပေသည်။ ဥပမာအားဖြင့် ၎င်းသည် အခြား format အသစ်သို့ကူးပြောင်းနိုင်သည်၊ အခြားရင်းမြစ်များဖြင့် ချိတ်ဆက်နိုင်သည် သို့မဟုတ် နေရာအမြောက်အများတွင် version အမျိုးမျိုးဖြင့်သိမ်းထားနိုင်သည်။ နောက်ဆုံးပေါ် version ကို API မှတဆင့် ရယူနိုင်အောင်လုပ်သည့်အချိန်တွင် Data အကြမ်းတစ်ခုလုံးကိုလည်း ရယူနိုင်အောင် လုပ်ပေးထားသင့်သည်။

ဥပမာအားဖြင့် Eurostat statistical serviceသည် Data ဖိုင်ပေါင်း ၄၀၀၀ ကျော်ကိုတစ်ပြိုင်တည်း download ပြုလုပ်နိုင်အောင်ပြုလုပ်ပေးထားသည်။ တစ်ရက်တွင် ၂ကြိမ် update လုပ်ပြီး Data များကိုTab-separated values (TSV) format ဖြင့်ပေးသည့်အပြင် download လုပ်နိုင်ရန်ဝန်ဆောင်မှု၊ Data ဖိုင်များ၏ မှတ်တမ်းလည်းပါရှိသည်။

နောက်ဥပမာတစ်ခုမှာ dataများကိုအချိန်နှင့်တပြေးညီ download လုပ်ခွင့်ရှိသည့်အပြင် CSV နှင့် XLS format များအဖြစ်ပါ download လုပ်နိုင်သည့် District of Columbia Data Catalogဖြစ်သည်။

Data ကိုရှာဖွေရလွယ်ကူအောင်ပြုလုပ်ပါ။

အသုံးပြုသူမရှိပါက Open data သည်အဓိပ္ပါယ်မရှိချေ။ မူလရင်းမြစ်ကို အခြားသူများရှာဖွေ နိုင်အောင်ပြုလုပ်ပေးရန်လိုအပ်သည်။ ဤအပိုင်းတွင် မတူညီသည့်ချည်းကပ်မှုများကို တင်ဆက်သွားမည်။

အရေးကြီးဆုံးမှာ အေဂျင်စီများအကြားနိုင်ငံရေးနှင့် ငွေကြေးလည်ပါတ်မှုများကို ကျော်လွှားနိုင်သည့် နေရာတစ်ခု ထောက်ပံ့ပေးရန်ဖြစ်သည်။ ဌာနအလိုက်သော်လည်းကောင်း ပထဝီအနေအထားအရသော်လည်းကောင်း အုပ်ချုပ်ရေးနယ်နိမိတ်များသည် ပူပေါင်းဆောင်ရွက်ရန်အတွက် အခက်တွေ့စေနိုင်သည်။ မည်သို့ပင်ဆိုစေ အင်အားစုများနှင့် ပူပေါင်းခြင်း ကြောင့် ကောင်းကျိုးများရှိသည်။ အပြင်လူများအနေဖြင့် Data ရှာဖွေရပိုမိုလွယ်ကူလေလေ၊ မြန်ဆန်ပြီး အသုံးတည့်သော tool အသစ်များတည်ဆောက်နိုင်လေဖြစ်သည်။

ရှိပြီးသား tool များ

Data ရှာဖွေရပိုမိုလွယ်ကူစေရန်အတွက် အထူးဒီဇိုင်းဆွဲထားသော tool များကို web ပေါ်တွင် တိုက်ရိုက် အသုံးပြုနိုင်သည်။

အထင်ရှားဆုံးတစ်ခုမှာDataHub ဖြစ်သည်။ ၎င်းသည် ကမ္ဘာအနှံ့မှ dataset များကို ကတ်တလောက်တွင်း ထည့်သွင်းခြင်းနှင့် Data များကို သိမ်းဆည်းထားခြင်းတို့ကို ပြုလုပ်သည်။ ဤ site သည် တစ်သီးပုဂ္ဂနှင့် အဖွဲ့အစည်းများ၏ Data ကိုထုတ်ဝေရန်နှင့် Data အသုံးပြုသူများလိုအပ်သည်များကို ရှာဖွေနိုင်အောင်ပြုလုပ်ထားသည်။

ထို့အပြင် ကဏ္ဍအလိုက်နှင့် နေရာအလိုက်အတွက် အထူးပြု ကတ်တလောက်များ ဒါဇင်နှင့် ချီ၍ရှိသည်။ သိပ္ပံနည်းပညာ နယ်ပယ်အမြောက်အများတွင် စာတမ်းများပြုစုထုတ်ဝေရန် Data လိုအပ်သည့်အတွက် ၄င်းတို့အတွက် data ကတ်တလောက်စနစ်များကို ဖန်တီးပြီးဖြစ်သည်။

အစိုးရအတွက်

လူသိများလာပြီး မှန်ကန်သော အလေ့အကျင့်မှာ ထိပ်တန်း အေဂျင်စီတစ်ခုအနေဖြင့် အစိုးရ၏ Data ကို ကတ်တလောက်တစ်ခုအဖြစ်ဖန်တီးပေးရန်ဖြစ်လာသည်။ ကတ်တလောက်တစ်ခု ထုတ်လုပ်ရာတွင်လည်း ဌာနတိုင်းသည် ၎င်းတို့၏ လက်ရှိသတင်းအချက်အလက်ကိုတင်ပေးနိုင်ရန်အတွက် စနစ်များ၊ ဖွဲ့စည်းပုံများကို ဖန်တီးရန်လိုအပ်သည်။

ကတ်တလောက်ကို အကြမ်းထည်မှစတင်ကာ ဖန်တီးနိုင်ရန်အတွက် software တစ်ခုရေးဆွဲရန် တိုက်တွန်းလာမှုများကို ငြင်းဆန်ပါ။ အစိုးရပေါင်းများစွာ အသုံးပြုနေသော (CKAN ကဲ့သို့သော) အခမဲ့နှင့် Open Source software များရှိနှင့်နေပြီးဖြစ်သည်။ ထို့ကြောင့် အခြား platform တစ်ခုတွင်ရင်းနှီးမြှုပ်နှံရန် မလိုအပ်ချေ။

Open Data ကတ်တလောက်များ မေ့ကျန်ခဲ့လေ့ရှိသော အရာအနည်းငယ်ရှိသည်။ သင့် program အတွက် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားထားသင့်သည်။

  • ပုဂ္ဂလိကနှင့် ရပ်ရွာကဏ္ဍမှသူများ ၎င်းတို့၏ Data ကို ကိုယ်တိုင်ထည့်သွင်းနိုင်ရန် လမ်းဖွင့်ထားပေးခြင်း၊ ကတ်တလောက်ကိုလည်း ဒေသဆိုင်ရာအစိုးရ၏ ကတ်တလောက်ဟု စဉ်းစားခြင်းထက် ဤဒေသ၏ ကတ်တလောက်ဟု စဉ်းစားပါက ပို၍တန်ဖိုးရှိပေမည်။
  • Data များပိုမိုတိုးတက်လာစေရန်အတွက် Dataset များ၏ ဆင့်ပွါး Data များကို ကတ်တလောက် ထည့်သွင်းခြင်း။ ဥပမာ တစ်စုံတစ်ယောက်က လိပ်စာများကို geocode ပြုလုပ်ပြီးသော်လည်း ရလဒ်ကို လူတိုင်းနှင့် ဝေမျှလိုဦးပေမည်။ Dataset များ၏ version တစ်မျိုးတည်းကိုသာ တင်ရန်ခွင့်ပြုပါက ထို Data များ၏ တိုးတက်မှုသည် ဖုံးကွယ်ခံနေရဦးပေမည်။
  • သင်၏ Data ကို အခြားနေရာတွင်လည်း တွေ့နိုင်ပါက ခံနိုင်ရည်ရှိပါ။ ဤသည်မှာ ရပ်ရွာလူထု၏ စိတ်ဝင်စားမှုအလျောက် အကြောင်းအရာသည် ကူးယူခံရနိုင်သည်။ အကယ်၍ သင့်ထ့တွင် မြစ်ရေ အခြေအနေ စောင့်ကြည့်ထားသည့် Data ရှိပါက ထို Data သည် ရေအရင်းမြစ်ဆိုင်ရာပညာရှင်များ ကတ်တလောက်တွင်းသို့ရောက်ရှိသွားမည်။
  • ရယူနိုင်မှုသည် လူတိုင်းအတွက် တန်းတူညီမျှဖြစ်ရမည်၊ အရာရှိများအတွက် သို့မဟုတ် သုတေသနပြုသူများဟု ခေါင်းစဉ်တပ်ထားသူများအတွက် အထူးရယူနိုင်မှု အဆင့်ဖန်တီးပေးခြင်းကို ရှောင်ကျဉ်ပါ၊ ထိုအရာသည် ရပ်ရွာလူထု၏ ပါဝင်မှု၊ စေ့စပ်ဆောင်ရွက်မှုကို အားလျော့စေသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းအတွက်

တရားဝင်ဖြန့်ဝေထားခြင်းမဟုတ်သော Data များအတွက် ကတ်တလောက်တစ်ခု ဖန်တီးပေးရန် ဆန္ဒရှိပါစေ။

အစိုးရအနေဖြင့် တရားဝင်မဟုတ်သော သို့မဟုတ် အာမခံချက်မပေးနိုင်သော ရင်းမြစ်များဖြင့် ဆက်နွှယ်မှု ပြုခြင်းသည် အလွန်ရှားပါသည်။ အစိုးရအရာရှိများသည် data များကို အလွဲသုံးစားလုပ်မှု သို့မဟုတ် data ကို အလွန်အကျွံမှီခိုမှုတို့ကြောင့် ဖြစ်လာနိုင်သည့် နိုင်ငံရေးအကြည်ညိုပျက်စေမှုများ မဖြစ်အောင် အထူးသတိထားကြသည်။

ထို့အပြင် အစိုးရများသည် ၎င်းတို့၏ သတင်းအချက်အလက်နှင့် စီးပွားးရေးနယ်ပယ်မှ သတင်းအချက်အလက်ကို ချိတ်ဆက်ဖော်ပြသည့် လုပ်ငန်းများကိုလည်း ပံ့ပိုးလိုခြင်းမရှိချေ။ အစိုးရများသည် ငွေကြေးအမြတ်အစွန်းရရှိရန် ရည်ရွယ်သည့် လုပ်ငန်းများကို သံသယရှိတတ်သည်။ ထို့ကြောင့် Community များ၊ စီးပွားရေးလုပ်ငန်းများ၊ နှင့် အခြားအရာများအတွက် လွတ်လပ်သော ကတ်တလောက်များထားရှိရန် အကြံပေးလိုပါသည်။