guide

Open Data ဆိုတာဘာလဲ။

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

ဤစာအုပ်သည် open data အကြောင်းဖြစ်သည်။ Open Data ဆိုသည်မှာ အဘယ်နည်း။ တိတိကျကျဆိုရလျှင် မည်သည့်အရာက open data ကို open ဖြစ်စေတာလဲ။ မည်ကဲ့သို့သော data အမျိုးအစားကို ဆိုလိုတာပါလဲ။

ဘာက open ဖြစ်တာလဲ။

ဤစာအုပ်သည် open data အကြောင်းဖြစ်သည်။ Open Data ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့အနေဖြင့် Open Definition မှ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အသုံးပြုထားပါသည်။

Open Data ဆိုသည်မှာ attribute (သက်ဆိုင်ကြောင်း) နှင့် sharealike (မူလရင်းမြစ်နှင့် တူညီသော လိုင်စင်များ အသုံးပြုခြင်း) တို့ပြုလုပ်ခြင်းမှ လွဲ၍ မည်သူမဆို အခမဲ့အသုံးပြုနိုင်ခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်းနှင့် ပြန်လည်ဖြန့်ဝေနိုင်ခြင်းရှိသည့် data ဖြစ်သည်။

full Open Definition Open Data ၏အဓိပ္ပါယ်ဖွင့်ဆိုချက်အသေးစိတ်ကို တွေ့နိုင်သည်။ အရေးအကြီးဆုံးအချက်များကို ခြုံငုံပြောရမည်ဆိုလျှင်

  • ရရှိနိုင်မှု နှင့် ရယူနိုင်မှု: ပြန်လည်ထုတ်လုပ်ရန်အတွက် သင့်လျော်သော ကုန်ကျစရိတ်ဖြင့် data တစ်ခုလုံးရရှိနိုင်ရမည်။ အင်တာနက်ပေါ်မှ ဒေါင်းလုတ်ချနိုင်လျှင် ပိုကောင်းသည်။ Data သည် သင့်လျော်မှုရှိပြီး ထပ်မံပြုပြင်ပြောင်းလဲနိုင်သော ပုံစံတွင် ရရှိနိုင်ရမည်။
  • ပြန်လည်အသုံးပြုခြင်း နှင့် ပြန်လည်ဖြန့်ဝေခြင်း: - အခြား dataset များ နှင့်ပေါင်းစပ်ခွင့် အပါအဝင် Data များကို ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ဖြန့်ဝေရန် အထောက်အပံ့ပေးသည့် သဘောတူညီချက်များ ဖြန့်ဝေပေးရမည်။
  • လူတိုင်းပါဝင်နိုင်မှု လူတိုင်း အသုံးပြုနိုင်ခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်း နှင့် ပြန်လည်ဖြန့်ဝေနိုင်ခြင်း ရှိရမည်။ နယ်ပယ်တစ်ခု၊ လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စု ၏ အသုံးပြုနိုင်ခွင့်ကို ခွဲခြားသတ်မှတ်ခြင်းမရှိရ။ ဥပမာ၊ စီးပွါးရေးအတွက် အသုံးမပြုရဟု တားမြစ်ခြင်း သို့မဟုတ် ရည်ရွယ်ချက်အချို့အတွက်သာ အသုံးပြုရန် ခွင့်ပြုခြင်း (ဥပမာ၊ ပညာရေးအတွက်သာ) တို့ မရှိစေရပါ။

အကယ်၍သင်သည် Open ၏ ဆိုလိုရင်းကိုရှင်းလင်းစွာ သဘောပေါက်ရန် အဘယ်ကြောင့်အရေးကြီး သနည်းနှင့် အဘယ်ကြောင့် Open ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အသုံးပြုသည်ကို သိရှိလိုပါက ရိုးရှင်းသော အဖြေမှာ ဖလှယ်အသုံးပြုနိုင်စွမ်း ဖြစ်သည်။

ဖလှယ်အသုံးပြုနိုင်စွမ်း ဟူသည့် စကားလုံးသည် မတူညီသည့် စနစ်များနှင့် အဖွဲ့အစည်းများကို အလုပ်အတူတကွ လုပ်စေနိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ ဤအခြေအနေတွင် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း သို့မဟုတ် မတူညီသည့် dataset များကိုပေါင်းစပ်နိုင်စွမ်း ဖြစ်သည်။

ဖလှယ်အသုံးပြုနိုင်စွမ်း သည် အရေးပါပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မတူညီသည့်အစိတ်အပိုင်းများကို အတူအတွအလုပ်လုပ်စေနိုင်သောကြောင့်ဖြစ်သည်။ အစိတ်ပိုင်းအမျိုးမျိုးဖြစ်အောင်ခွဲထုတ်နိုင်ခြင်း၊ နှင့် အစိတ်အပိုင်းများကို အတူတကွပေါင်းစပ်ခြင်းသည် ကြီးမားပြီး ရှုပ်ထွေးသော စနစ်များတည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ဖလှယ်အသုံးပြုနိုင်စွမ်းမရှိပါက ထိုကဲ့သို့စနစ်များ တည်ဆောက်၍ မရနိုင်ကြောင်းကို ဥပမာအနေဖြင့်ပြရလျှင် ဒဏ္ဍာရီဆန်ဆန်ကျော်ကြားလှသည့် Tower of Babel သည် ပြန်ကြားဆက်သွယ်နိုင်စွမ်း (ဖလှယ်အသုံးပြုနိုင်စွမ်း) မရှိသောကြောင့် မျှော်စဉ်ကြီး တည်ဆောက်ရန်အားထုတ်မှုများ လုံးဝ ပြိုကျပျက်စီးခဲ့ရသည့် အဖြစ်နှင့် ခိုင်းနှိုင်းနိုင်သည်။

Data နှင့် ပါတ်သက်ပြီးလည်း ထိုကဲ့သို့ဆင်တူသည့် အခြေအနေမျိုးကြုံတွေ့ရသည်။ Data များ၏ မရှိမဖြစ်အခြေခံကျသော အချက်မှာ Open ဖြစ်သော data ၏ အစိတ်အပိုင်းတစ်ခုကို အခြား open ဖြစ်သော data တစ်ခု၏ အစိတ်အပိုင်းနှင့် လွတ်လပ်စွာပေါင်းစပ်နိုင်စွမ်းဖြစ်သည်။ ၄င်းဖလှယ်အသုံးပြုနိုင်စွမ်းက Open ဖြစ်မှု၏ လက်တွေ့အကျိုးကျေးဇူးကို သိမြင်နိုုင်ရန် အဓိကကျသည်။ ၎င်းတွင် မတူညီသည့် Dataset များကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်သည့်ထုန်ကုန်များနှင့် ဝန်ဆောင်မှုများကို ဖြစ်စေသည်။ (ဤအကျိုးကျေးဇူးများ အသေးစိတ်ကို ဘာကြောင့် Open Data လုပ်ရသလဲ ဆိုသည့် အပိုင်းတွင်ရှင်းပြထားသည်။)

Open ဖြစ်မှု၏ အဓိပ္ပါယ်ကိုရှင်းလင်းစွာ ရှင်းလင်းစွာဖော်ပြထားခြင်းသည် မတူညီသည့် ရင်းမြစ်နှစ်ခုမှ Dataset နှစ်ခုကို သင်ရရှိသည့်အချိန်တွင် သင့်အနေဖြင့် ပေါင်းစပ်အသုံးပြုနိုင်ပြီး ကိုယ်ပိုင် ‘Towel of Babel’ များ တည်ဆောက်နေခြင်း မဖြစ်အောင်ကာကွယ်နိုင်မည်။ ဆိုလိုသည်မှာ Dataset အမြောက်အများရှိသောလည်း အမှန်တကယ် တန်ဖိုးရှိသည့် ပိုမိုကြီးမားသည့် စနစ်များအတွင်းသို့ထည့်သွင်းပေါင်းစပ်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။

မည်ကဲ့သို့သော data အမျိုးအစားကို ဆိုလိုတာပါလဲ။

စာဖတ်သူများအနေဖြင့် Open ဖြစ်သည့် သို့မဟုတ် Open ဖြစ်လာနိုင်သည့် data အမျိုးအစားများနှင့် ပတ်သတ်သည့် ဥပမာများကို သိရှိပြီးဖြစ်သည်။ နောက်ပိုင်းတွင်လည်း ဥပမာများ ထပ်မံတွေ့ရဦးမည်ဖြစ်သည်။ ဤနေရာတွင် မည်သည့် data အမျိုးအစားများသည် open ဖြစ်သည် သို့မဟုတ် Open ဖြစ်လာနိုင်သည်၊ မည်သည့် data များသည် open မဖြစ်နိုင်ဆိုသည်ကို အနည်းငယ်ဆွေးနွေးလိုပါသည်။

အဓိကကျသည့်အချက်မှာ open လုပ်မည့် data များသည် ကိုယ်ရေးကိုယ်တာ မဟုတ်သည့် အချက်အလက်များ၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းစီ၏ အချက်အလက်များ မပါသည့် data များ ဖြစ်ရန်လိုသည်။

အလားတူ အချို့ အစိုးရ data များသည် နိုင်ငံလုံခြုံရေးအတွက်ကြောင့် ကန့်သတ်ထားသည်များလည်း ရှိနိုင်သည်။