guide

မည်သည့် တရားဝင် အခွင့်အရေးများ Data(bases) တွင်ရှိသနည်း။

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

Data(bases) များအကြောင်းကိုပြောရာတွင် ပထမဦးစွာ ဖွဲ့စည်းတည်ဆောက်ပုံနှင့် database တစ်ခုတွင်ပါဝင်သည့်အကြောင်းအရာများကို ပြောရန်လိုအပ်သည်။ (‘data’ ဟုပြောရာတွင် database တွင်ပါဝင်သည့်အကြောင်းအရာကိုဆိုလိုခြင်းဖြစ်သည်) စနစ်တကျဖွဲ့စည်းထားသော အစိတ်အပိုင်းများတွင် အကွက်များ၏ အမည်နှင့် ထိုအကွက်များကို စုစည်းထားသော အစုအစည်းနှင့် သူတို့၏ ချိတ်ဆက်ပတ်သက်မှုဖြစ်သော data ၏ ပုံစံပါဝင်သည်။

တရားဝင်ဆုံးဖြတ်ချက်များတွင် database တစ်ခု၏ စနစ်တကျဖွဲ့စည်းထားသော အစိတ်အပိုင်းများကို မူပိုင်ခွင့်မှအကာအကွယ်ပေးသည်။ (ထိုအရာသည် ထိုတည်ဆောက်မှုပုံစံကို ဖန်တီးရာတွင် ပါဝင်သည့် စိတ်ကူးစိတ်သန်း အဆင့်တစ်ခုခုအပေါ်တွင်မူတည်သည်)

မည်သို့ပင်ဆိုစေ ဤအခြေအနေတွင် data တွင်သာ အထူးတလှယ်စိတ်ဝင်စားသည်။ “data” ဟုဆိုရာတွင် အနည်းငယ် ဂရုတစိုက်ပြောဆိုသင့်သည် အဘယ်ကြောင့်ဆိုသော် ထိုစကားလုံးသည် အထူးတလှယ် အတိအကျဆိုထားခြင်း မဟုတ်သောကြောင့်ဖြစ်သည် “data” ဟူသည့်စကားလုံးကပင် အမျိုးအမည်အချို့ သို့မဟုတ် အမျိုးအမည်တစ်ခုတည်းကိုသာ ဆိုလိုနိုင်သည်။ (ဥပမာအားဖြင့် ရည်ညွှန်းကိုးကားစာရင်းတစ်ခု၊ လတ္တီကျု/လောင်တီကျု စသည်ဖြင့်) သို့မဟုတ် “data” သည် အလွန်ကြီးမားသည့် စုစည်းမှုတစ်ခုလည်းဖြစ်နိုင်သည်။ (ဥပမာ database တစ်ခုထဲတွင်ပါဝင်သည့်အရာအားလုံး) ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရန်အတွက် အမျိုးအမည်တစ်ခုကို “ပါဝင်သည့်အကြောင်းအရာ” နှင့် စုစည်းမှု အစုအဝေးတစ်ခုကို data ဟုခေါ်ဆိုမည်။

စာသား၊ ဂီတ သို့မဟုတ် ရုပ်ရှင်ဆိုင်ရာများနှင့် မတူညီသည်မှာ data အတွက် တရားဥပဒေဆိုင်ရာ အခြေအနေသည် နိုင်ငံအလိုက် ကွဲပြးမှုရှိသည်။ မည်သို့ပင်ဆိုစေ တရားဝင်ဆုံးဖြတ်ချက်အချို့တွင် (စုစည်းမှုတစ်ခုအဖြစ်ရှိနေသည့်) data အတွင်းတွင်ရှိသော အခွင့်အရေးအချို့အတွက် သေချာပေါက် အာမခံချက်ပေးသည်။

Database တွင် “ပါဝင်သည့်အကြောင်းအရာ” နှင့် စုစည်းမှုတစ်ခုအကြားကွာခြားချက်မှာ သီးခြားအချက်အလက်များအတွက် မိုနိုပိုလီအခွင့်အရေးများကို တရားဝင်ဆုံးဖြတ်ထားခြင်းမရှိသောကြောင့် အချက်အလက်ကိုအခြေခံသည့် database များအတွက် အထူးတလှယ်အရေးပါသည်။ ပုံဖော်ပြရသော် အရာဝတ္ထုတစ်ခုချင်းစီ၏အရည်ပျော်မှတ်ကို စာရင်းပြုစုထားသော database တစ်ခုကို ရိုးရှင်းသည့် ဥပမာတစ်ခုအနေဖြင့်စဥ်းစားကြည့်ပါ။ ဥပဒေကြောင်းအရ database တစ်ခုလုံးကို ရယူခြင်း၊ ပြန်လည်သုံးစွဲခြင်း သို့မဟုတ် ခွင့်ပြုချက်မပါပဲ ပြန်လည်ဖြန့်ဝေခြင်းမရှိစေရန်အကာအကွယ်ပေးထားသော်လည်း ထိုအရာသည် သင်အနေဖြင့် အရာဝတ္ထု Y သည် အပူချိန် Z ၌အရည်ပျော်သည်ဟူသည့်အချက်ကို ပြောဆိုခြင်းမှ မတားဆီးနိုင်ပေ။

အကာအကွယ်ပေးမှုပုံစံကို အကျယ်အားဖြင့်နှစ်ပိုင်းခွဲနိုင်သည်။

  • သတင်းအချက်အလက်များ စုဆည်း စုဆောင်းခြင်းအတွက် မူပိုင်ခွင့်။
  • Data စုဆောင်းခြင်းအတွက် sui generis အခွင့်အရေး။

ကျွန်ုပ်တို့အထူးပြုခဲ့ပြီးသလိုပင် ယေဘုယျစည်းမျဥ်းဟူ၍ မရှိဘဲ အခြေအနေများသည် တရားဝင်အဆုံးအဖြတ်များအပေါ်တွင် မူတည်၍ကွဲပြားနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤသည်များထဲမှ မည်သည့်ချဥ်းကပ်နည်းကို တရားဝင်အဆုံးအဖြတ်အတွက် အသုံးပြုခြင်းဖြစ်သည်ဟု တစ်နိုင်ငံပြီး တစ်နိုင်ငံ အသေးစိတ်ချဥ်းကပ််ခြင်းနည်းကိုလုပ်ဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးအနေဖြင့် တရားဥပဒေကြောင်းအရ အကာအကွယ်ပေးမှုမရှိခြင်းသည် (closed) databases များထောက်ပံ့ပေးနေသူများ ရိုးရှင်းသည့် စာချုပ်တစ်ခုကို ရလဒ်ဆင်တူသည့် မူလ IP အခွင့်အရေး ရနိုင်မှုကိုထိန်းချုပ်သည့်ယန္တရားကိုချိုးဖောက်ခြင်းမှ ဥပဒေကြောင်းအရကာကွယ် ပေးသည်။ ဥပမာအားဖြင့် အကယ်၍ X သည် ဥပမာ database တစ်ခုကိုထောက်ပံ့ပေးသူဖြစ်ပါက ထိုအရာသည် အောက်ပါ အခြေခံသဘောတူညီချက်နှင့်မဆို ရရှိအောင်မြင်နိုင်သည်။

(က) အသုံးပြုသူများ စကားဝှက်တစ်ခုနှင့် login လုပ်ရန်လိုအပ်ခြင်း။ (ခ) အသုံးပြုသူက အခြေခံသဘောတူညီချက်နှင့် အခြေအနေများကို သဘောတူမှသာ account နှင့် password တစ်ခုပေးခြင်း။

သင့်အနေဖြင့် တရားဝင်ဆုံးဖြတ်ချက်ချခြင်းနှင့် တရားဝင်ဆုံးဖြတ်ချက်ချသည့် အခြေအနေများကို ပိုမိုသိရှိလိုပါက Guide to Open Data Licensing တွင်ဖတ်ရှုနိုင်သည်။